DVB Logo
Home
မြန်မာသတင်း
ပင်လုံစိတ်ဓာတ်​မွေး​မြူလုပ်​ဆောင်ကြရန် ​ဒေါ်စုတိုက်တွန်း
DVB
·
February 24, 2012
ပင်လုံစိတ်ဓာတ်​မွေး​မြူလုပ်​ဆောင်ကြရန် ​ဒေါ်စုတိုက်တွန်း
1 / 2
Donate to DVB

မြန်မာပြည်မှာ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​အတွက် အင်အား​စုအား​လုံး​ သ​ဘောထား​ကြီး​ကြီး​နဲ့​ ​ဆွေး​နွေး​အ​ဖြေရှာကြပါလို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ကချင်ပြည်နယ် ခရီး​စဉ်မှာ တိုက်တွန်း​လိုက်ပါတယ်။

ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ကို သ​ဘောထား​ကြီး​ကြီး​ထား​ပြီး​ နိုင်ငံ​ရေး​နည်း​အရ ​ဖြေရှင်း​မှ ​ပြေလည်မယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ကချင်ပြည်နယ် မြစ်ကြီး​နား​မြို့​က မ​နောကွင်း​မှာ ဒီမနက်ပြုလုပ်တဲ့​ လူထု​ဟော​ပြောပွဲမှာ ​ပြောဆိုပါတယ်။ ၁ နာရီခန့်​ ကြာမြင့်​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မိန့်​ခွန်း​မှာ ထည့်​သွင်း​ပြောဆိုလိုက်တာပါ။

“အခု ကျမတို့​ နိုင်ငံဟာ အပစ်အခတ်ရပ်စဲ​ရေး​ လုပ်​နေရတယ်ဆိုတာ ကချင်ပြည်နည်က လူ​တွေလည်း​ အသိဆုံး​ပါပဲ။ ကချင်ပြည်နယ်မှာလည်း​ အပစ်အခတ်ရပ်စဲ​ရေး​ဆိုတာ နှစ်နဲ့​ချီပြီး​ ရှိခဲ့​တာပဲ။ အပစ်အခတ် ရပ်စဲ​ရေး​ဆိုတာ တကယ့်​ ငြိမ်း​ချမ်း​ရေး​အတွက် ပထမ​ခြေလှမ်း​ပဲ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲလိုက်ရုံနဲ့​ ငြိမ်း​ချမ်း​ရေး​ မရပါဘူး​။ တကယ် အ​ရေး​ကြီး​တာက ကျမတို့​ဟာ နိုင်ငံ​ရေး​အရ သ​ဘောတူညီချက် ရမှပါ။ နိုင်ငံ​ရေး​အရ သ​ဘောတူညီမှု ရဖို့​ဆိုတာက ​ဆွေး​နွေး​ပြီး​တော့​ လုပ်ယူရမှာပါ။ တိုက်ခိုက်ပြီး​တော့​ ရယူလို့​ မရပါဘူး​။ တကယ့်​ ငြိမ်း​ချမ်း​ရေး​ဆိုတာ ​ဆွေး​နွေး​ပြီး​တော့​ ရယူရမှာ ဖြစ်ပါတယ်။”

ဘောလုံး​ကွင်း​ ၂ ကွင်း​စာ​လောက် ကျယ်တဲ့​ကွင်း​မှာ ပရိသတ် ​ထောင်​ပေါင်း​များ​စွာ ကွင်း​လုံး​ပြည့်​ တက်​ရောက်ပါတယ်။ မြစ်ကြီး​နား​ မ​နောကွင်း​မှာ ၁ နာရီခန့်​ကြာ ​ဟော​ပြောပြီး​တဲ့​နောက် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ကချင်ပြည်နယ် ဗန်း​မော်မြို့​ကို ​လေယာဉ်နဲ့​ သွား​ရောက်ပါတယ်။

ဗန်း​မော်​လေဆိပ်မှာ ဗန်း​မော်ဂျီတီစီက ရာနဲ့​ချီတဲ့​ ​ကျောင်း​သား​တွေ၊​ ကချင်၊​ ရှမ်း​နဲ့​ဗမာ စတဲ့​ ​ဒေသခံ ​ထောင်​ပေါင်း​များ​စွာဟာလည်း​ ​လေယာဉ်ကွင်း​အနီး​ ​ဟော​ပြောမယ့်​ ဗန်း​မော် မ​နောကွင်း​က မွန်း​လွဲ ၁ နာရီ ​နေပူကျဲကျဲမှာ ​စောင့်​ဆိုင်း​နေကြပါတယ်။

ကျောင်း​သား​တဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​ပြောချင်တာနဲ့​ ပတ်သက်လို့​ “ကချင်ပြည်နယ် ငြိမ်း​ချမ်း​ဖို့​ဗျာ၊​ ကျ​နော်တို့​ ​ကျောင်း​တက်​နေရင်း​ ဗုံး​သံ​တွေ ကြား​ရတယ်ဗျာ။ ပြီး​တော့​ ည​နေ ၆ နာရီ ၇ နာရီ​လောက်ဆို ဂိတ်ပိတ်တယ်​ပေါ့​ အဲဒါ​တွေကိုလည်း​ ပြီး​စေချင်ပြီဗျာ။ ပြီး​တော့​ ကျ​နော်တို့​ ​ကျောင်း​သား​တွေ တခြား​ကျောင်း​သား​တွေနဲ့​ တန်း​တူမရှိဘူး​ဗျာ၊​ စာ​မေး​ပွဲ စစ်တဲ့​နေရာမှာ​ပေါ့​။ ပြီး​တော့​ ​ကျောင်း​ပြီး​တဲ့​အခါမှာ အလုပ်အကိုင် အခွင့်​အ​ရေး​ ရတဲ့​နေရာ​တွေ ဘာ​တွေ မရှိဘူး​ဗျ။ ကျ​နော်တို့​ ​ကျောင်း​ပြီး​သွား​ရင် သူများ​ကျောင်း​လို အလုပ်တန်း​မရဘူး​ဗျာ။”

ဗန်း​မော် မ​နောကွင်း​မှာ ​ပြောတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မိန့်​ခွန်း​မှာလည်း​ အဓိကအား​ဖြင့်​ ပင်လုံသ​ဘောတူညီချက်၊​ ပင်လုံစိတ်ဓာတ် စတာ​တွေကို ဦး​စား​ပေး​ ​ပြောဆိုခဲ့​ပါတယ်။ ဒီနိုင်ငံမှာ ငြိမ်း​ချမ်း​ရေး​မရှိတဲ့​ အ​ခြေခံ အ​ကြောင်း​ရင်း​တွေက တန်း​တူညီမျှမှု မရှိတာ​ကြောင့်​လို့​ သူက ​ပြောပါတယ်။

“အခု ဒီနိုင်ငံမှာ ငြိမ်း​ချမ်း​ရေး​မရှိတဲ့​ အ​ခြေခံအ​ကြောင်း​ရင်း​တွေက ဘာ​တွေလဲဆို​တော့​ ဖွံ့​ဖြိုး​ရေး​အရ ရုပ်ဝတ္ထု ညီမျှမှု မရှိတာ၊​ နိုင်ငံ​ရေး​အရ တန်း​တူညီမျှမှု မရှိတာ၊​ နိုင်ငံ​ရေး​အရ​ရော၊​ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​ရေး​အရ​ရော တန်း​တူ ညီဖို့​ မျှဖို့​ကို အ​ခြေခံက ဒီနိုင်ငံမှာ ​အေး​ချမ်း​ပြီး​ ငြိမ်း​ချမ်း​မှ ဖြစ်ပါတယ်။ တိုး​တက်နိုင်မှာ ဖြစ်ပါတယ်။”

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မ​နေ့​မနက်ပိုင်း​က ရန်ကုန်မြို့​က​နေ ​လေ​ကြောင်း​ခရီး​နဲ့​ မြစ်ကြီး​နား​ကို ဆိုက်​ရောက်ပြီး​ ​မော်​တော်ယာဉ်တန်း​နဲ့​ နမ္မတီး​ဘောလုံး​ကွင်း​၊​ မိုး​ကောင်း​မြို့​နယ် ​ဘောလုံး​ကွင်း​တွေမှာ လူထုကို မိန့်​ခွန်း​ ​ပြောဆိုခဲ့​ပါတယ်။ လာ​ရောက်ကြိုဆိုသူ အား​ပေး​ထောက်ခံသူ​တွေ များ​တာ​ကြောင့်​ ယာဉ်တန်း​ဟာ ခရီး​မတွင်တာ​ကြောင့်​ မြစ်ကြီး​နား​ကို မ​နေ့​ည ၇ နာရီခန့်​မှ ​ရောက်ရှိပါတယ်။

အဲဒီ့​နောက် မြစ်ကြီး​နား​မြို့​ မ​နောကွင်း​က မဂျွယ်ခန်း​မမှာ ကျင်း​ပတဲ့​ မိတ်ဆုံစား​ပွဲကိုတက်​ရောက်ပြီး​ ကချင်တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ၊​ ရပ်မိရပ်ဖ​တွေ၊​ ကချင်အတိုင်ပင်ခံအဖွဲ့​ဝင်​တွေ၊​ ဘာသာ​ရေး​နဲ့​ယဉ်​ကျေး​မှုက တာဝန်ရှိသူ​တွေကို တရင်း​တနှီး​ မိတ်ဆက်စကား​ ​ပြောဆိုခဲ့​ပါတယ်။



ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ရဖို့​အတွက် ပင်လုံစိတ်ဓာတ်နဲ့​ လုပ်ကြရမယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ကချင်ပြည်နယ် ဗန်း​မော်မြို့​က မ​နောကွင်း​မှာ ဒီ​နေ့​မွန်း​လွဲတနာရီက စတင်တဲ့​ လူထု​ဟော​ပြောပွဲမှာ ​ပြောဆိုပါတယ်၊​ ​ဘောလုံကွင်း​နှစ်ကွင်း​စာခန့်​အပြည့်​ လူထုပရိသတ် တက်​ရောက်အား​ပေး​ ခဲ့​ကြတယ်လို့​ မျက်မြင်​တွေက ​ပြောပါတယ်။ အခုရတဲ့​ အသံဖိုင်မှာ အသံမကြည်လင် တဲ့​အတွက် ​တောင်း​ပန်ပါတယ်။

ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို သ​ဘောထား​အကြီး​ပြိုင်ကြပြီး​ နိုင်ငံ​ရေး​နည်း​အရ ​ဖြေရှင်း​မှ ​ပြေလည်မယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ကချင်ပြည်နယ်မြစ်ကြီး​နား​မြို့​က မ​နောကွင်း​မှာ ဒီမနက်ပြုလုပ်တဲ့​ လူထု​ဟော​ပြောပွဲမှာ ​ပြောဆိုပါတယ်၊​ တနာရီခန့်​ကြာမြင့်​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မိန့်​ခွန်း​မှာ ထည့်​သွင်း​ပြောဆိုလိုက်တာပါ၊​ မ​နောကွင်း​မှာ​ဟော​ပြောပြီး​တဲ့​နောက် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ကချင်ပြည်နယ် ဗန်း​မော်မြို့​မှာ ​ဟော​ပြောဖို့​ ​လေယာဉ်နဲ့​ထွက်ခွာဖို့​ပြင်ဆင်ပါတယ်၊

မြစ်ကြီး​နား​ မ​နောကွင်း​က ​ဟော​ပြောပွဲကို ထုတ်လွင့်​ပေး​ပါတယ်၊​ အစပိုင်း​ ဆယ့်​ငါး​မိနစ်​ကျော် မိန့်​ခွန်း​ပိုင်း​ ပြတ်​တောက်( စက်ချွတ်ယွင်း​မှု​ကြောင့်​) တာကို ​နောက်ပိုင်း​မှာ ပြန်လည်ထည့်​သွင်း​ပေး​ပါမယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013