ဦးကိုနီကို လုပ်ကြံခဲ့သည့် ကြည်လင်းနှင့်အပေါင်းပါများကို ရုံးထုတ် (ဓာတ်ပုံ)
အောင်သူ
·
July 7, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံခဲ့တဲ့ ကြည်လင်းနဲ့ ဒီအမှုမှာပါဝင်တယ်လို့ ယူဆရတဲ့ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်း တို့ကို ဒီနေ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ် ။
ဒီကနေ့ရုံးထုတ်မှာ လူသတ်မှုနဲ့ပတ်သက်ပြီး တရားလိုပြ သက်သေ ၂ ဦးကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဦးကိုနီကို ကြည်လင်းက သေနတ်နဲ့ ပစ်သတ်ခဲ့မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီလုပ်ကြံမှုမှာ အဓိက ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံပြေး အောင်ဝင်းခိုင်ကိုတော့ ရဲတပ်ဖွဲ့က ခုချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ လွတ်မြောက်နေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ - အောင်သူ