A d v e r t i s e m e n t With Us

ဖိလစ်ပိုင်တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၅ ရှိ ငလျင်လှုပ်၊ အနည်းဆုံးလူတဦး သေဆုံး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ဇူလိုင် ၆ ရက်နေ့က အားကောင်းတဲ့ငလျင်တခု လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူတဦး သေဆုံးပြီး အိမ်တွေအတော်များများ ပျက်စီးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ရစ်ခ်ျတာစကေး ၆ ဒသမ ၅ ရှိတဲ့ ငလျင်က ဂျာရိုနဲ့ ကာနန်ဂါမြို့တွေမှာ လှုပ်ခတ်ခဲ့ပြီး မြေပြင်တုန်ခါမှုတွေ ဖြစ်မယ်လို့ မျှော်လင့်ထားပေမယ့် ဆူနာမီရေလှိုင်းတွေ ဖြစ်စရာမရှိဘူးလို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်သိပ္ပံက ပြောပါတယ်။ အမေရိကန် ဘူမိစစ်တမ်းကတော့ လေးတေခရိုင်ရဲ့ မြို့တော် တာကလိုဘန် အနောက်တောင်ပိုင်းကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၉ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အစောပိုင်းမှာ ပြောပါတယ်။ ဒီနေရာမှာ ၂၀၁၃ က တိုင်ဖုန်းမုန်တိုင်း အကြီးအကျယ် တိုက်ခတ်ခဲ့ဖူးပါတယ်။ တာကလိုဘန် မြို့တော်ဝန် ခရစ္စတီးနား ရိုမွယ်ဒဲ့ဇ်က သူ့ဒေသအတွင်း ထိခိုက်သေဆုံးမှု အစီရင်ခံစာတွေ မရသေးဘူးလို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up