Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ရန် ၁၄ ပါတီတောင်းဆို
DVB
·
July 6, 2017
19732153_554001094775022_360388703540142014_n
  ရခိုင်ပြည်နယ်အတွင်းလိုအပ်တဲ့ ဒေသတွေမှာ နိုင်ငံတော်သမ္မတက စစ်အုပ်ချုပ်ရေး အမိန့် တစ်ရပ် ထုတ်ပြန်ပေးဖို့ ကြံ့ခိုင်ရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၁၄ ပါတီက တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အေ၇းယူဆောင်ရွက်ချက်တွေ အပေါ် အစိုးရအဖွဲ့ရဲ့ တာဝန်ယူမှုကို အာမခံနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ဆောင်ရွက် နိုင်ဖို့  ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၃ (ခ)ပါအတိုင်း နိုင်ငံတော်သမ္မတက စစ်အုပ်ချုပ်ရေး အမိန့် တစ်ရပ် ထုတ်ပြန်ဖို့ ဒီကနေ့ ဇူလိုင် ၆ ၇က်နေ့စွဲနဲ့ ကြေညာလိုက်တာပါ။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်ပြီး တည်ငြိမ်မှုပျက်ပြားစေဖို့ ဆောင်ရွက်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်သူတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အညီ ပြတ်ပြတ်သားသားအရေးယူသွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024