A d v e r t i s e m e n t With Us

လိင်ဖျော်ဖြေပေးခဲ့ရသည့် ကိုရီးယားအမျိုးသမီးများအကြောင်း ဗွီဒီယိုမှတ်တမ်း ထုတ်ပြန်


လိင်ဖျော်ဖြေပေးခဲ့ရသည့် ကိုရီးယားအမျိုးသမီးများ... ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတွေအတွက် လိင်ဖျော်ဖြေပေးခဲ့ရတဲ့ ကိုရီးယား အမျိုးသမီးတွေအကြောင်း ဗွီဒီယိုမှတ်တမ်းတခုကို တောင်ကိုရီးယားအစိုးရက ဇူလိုင် ၅ ရက်နေ့မှာ လူသိရှင်ကြား ထုတ်ပြန်လိုက်ပါတယ်။ မူလဗွီဒီယိုမှတ်တမ်းခွေ ဘယ်လောက်အရှည်ရှိတယ်ဆိုတာ အတိအကျ မသိရပေမယ့် ရိုက်တာသတင်းဌာနက ရရှိထားတဲ့ ဗွီဒီယိုမှတ်တမ်းကတော့ ၁၆ စက္ကန့်ပဲရှိပါတယ်။ အဲ့ဒီမှတ်တမ်းအတွင်း ဆင်းရဲနွမ်းပါးစွာ ဝတ်ဆင်ထားတဲ့ ကိုရီးယားအမျိုးသမီး ၇ ဦးကို တရုတ်ကယ်ဆယ်ရေး တပ်ဖွဲ့က စစ်ဆေးနေပုံကို မြင်တွေ့ရပါတယ်။ အဲ့ဒီအမျိုးသမီး ၇ ဦးကို ၁၉၄၄ ခုနှစ်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ အမေရိကန်နဲ့ တရုတ် ပူးပေါင်း မဟာမိတ်တပ်တွေက ရှာတွေ့ခဲ့တာဖြစ်ပြီး အမေရိကန်စစ်သားတဦးက အမည်၊ အသက်နဲ့တကွ အတိအကျ မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီမှတ်တမ်းကို “အမေရိကန်အစိုးရ သမိုင်းဝင်မှတ်တမ်းများ သိမ်းဆည်းရေးဌာန” မှာ တရားဝင် သိမ်းဆည်းထားခဲ့ပြီး ဆိုးလ်တက္ကသိုလ် လူ့အခွင့်အရေးဌာနက တရားဝင် ရှာဖွေတောင်းယူခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up