Home
မြန်မာသတင်း
မွန်ပြည်နယ် ပညာရေး ငွေလုံးငွေရင်း ယခင်နှစ်ထက် ပိုမိုသုံးစွဲမည်
DVB
·
July 6, 2017
မွန်ပြည်နယ် ပညာရေးအတွက် ပြီးခဲ့တဲ့နှစ် ရန်ပုံငွေထက် ပိုမိုသုံးစွဲသွားမယ်လို့  ပညာရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ် ပြည်ထောင်စုရန်ပုံငွေ ပညာရေးဝန်ကြီးဌာန ငွေလုံးငွေရင်းမှ ကျပ်သန်းပေါင်း ၅၅၉၈ ဒသမ ၅ သန်း သုံးစွဲဖို့ပြိး ပြီးခဲ့တဲ့နှစ်ရန်ပုံငွေထက် ကျပ်သန်း ၉၁၆ ဒသမ ၇ သန်း ငွေလုံးငွေရင်း ပိုမိုသုံးစွဲသွားပါမယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောပါတယ်။ အခုနှစ် သုံးစွဲမယ့် ပညာသင်နှစ်မှာ အခြေခံပညာကျောင်းများရှိ လုပ်ငန်း ၁၀၅ ခုထဲက ကျောင်းဆောင်တွေထဲမှာ ရုံးခန်း၊ ဝန်ထမ်းအိမ်ရာ၊ သိပ္ပံဆောင်တွေမှာ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ အခုပညာသင်နှစ်အတွင်းမှာပဲ အခမဲ့ ဗလာစာအုပ် ခွဲဝေပေးမှုမှာ ကျပ်သန်း ၂၀၄ ဒသမ ၇၂၇ ထဲက မွန်အမျိုးသားပညာရေးကျောင်းများမှ ကျောင်းသား ကျောင်းသူ ၄ ထောင်ကျော် အပါအဝင် အခြေခံပညာမူလတန်းအဆင့်သင် ကျောင်းသား ကျောင်းသူပေါင်း ၂ သိန်းကျော်အတွက် ၁ ဦးကို ဗလာစာအုပ် ၆ အုပ်နှုန်း ဖြန့်ဝေပေးသွားခဲ့တယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်အတွင်း အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ အဆင့်မြှင့်တင်လိုက်တဲ့ ကျောင်းပေါင်း ၆၉  ကျောင်းရှိကာ ကျောင်းသား၊ ကျောင်းသူပေါင်း ၄ သိန်း ကျော် ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းပေါင်းက ၁ သောင်း ၄ ထောင်ကျော်လောက်ရှိကာ အစိုးရကျောင်း ၁၄၅၅ ကျောင်းရှိရာ မွန်အမျိုးသားပညာရေး ကျောင်းကတော့ ၁၃၂ ကျောင်း ရှိတယ်လို့ ဆိုပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024