DVB Logo
Home
မြန်မာသတင်း
ပင်လုံစိတ်ဓာတ် လက်ဆင့်​ကမ်း​ရန် ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း
DVB
·
February 23, 2012
ပင်လုံစိတ်ဓာတ် လက်ဆင့်​ကမ်း​ရန် ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း
Donate to DVB

စစ်မက်ဖြစ်ပွား​နေတဲ့​ ကချင်ပြည်နယ်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် ​ရောက်ရှိမဲဆွယ်ပြီး​ သူ့​ကို ​ဒေသခံ တိုင်း​ရင်း​သား​ပြည်သူ​တွေက တခဲနက် ကြိုဆိုခဲ့​ကြပါတယ်။

[caption id="attachment_21659" align="alignleft" width="300" caption="ဓာတ်ပုံ-ရိုက်တာ"][/caption]

ဒေါ်​အောင်ဆန်း​စုကြည်က ကချင်ပြည်နယ်စည်း​ရုံး​ရေး​ ခရီး​စဉ်ကို ဒီ​နေ့​မှ စတင်တာဖြစ်ပြီး​ မြစ်ကြီး​နား​လေဆိပ်က​နေ နမ္မတီး​နဲ့​ မိုး​ကောင်း​မြို့​တွေကို သွား​ရောက် မဲဆွယ်စည်း​ရုံး​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ကို ​ထောင်​သောင်း​ချီတဲ့​ ပရိသတ်​တွေက လမ်း​တ​လျှောက် ကြိုဆိုခဲ့​ကြတာပါ။ မိုး​ကောင်း​မြို့​ ​ဘောလုံး​ကွင်း​မှာကျင်း​ပတဲ့​ ​ဟော​ပြောပွဲမှာ သူက ပင်လုံသ​ဘောတူညီချက်ရဲ့​ အနှစ်သာရကို ရှင်း​ပြပြီး​ မျိုး​ဆက်တဆက်နဲ့​တဆက် လက်ဆင့်​ကမ်း​ကြဖို့​ ထည့်​သွင်း​ တိုက်တွန်း​ပါတယ်၊

“၁၉၄၇ ခုနှစ်တုန်း​က ကျမတို့​ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့​ နိုင်ငံတခု ဖြစ်ဖို့​ ကျမတို့​တိုင်း​ရင်း​သား​တွေ စုစည်း​ပြီး​တော့​ လုပ်ခဲ့​တယ်။ အရင်တုန်း​ကဆိုရင် ဗမာကတမျိုး​၊​ ရှမ်း​ကတဖုံ၊​ ကချင်ကတလမ်း​ အဲဒီလို ဖြစ်​နေကြတယ်။ ၁၉၄၇ ခုနှစ်ကျ​တော့​ တိုင်း​ရင်း​သား​တွေ အများ​စု ဖြစ်တဲ့​ ဗမာ (ဗမာဟာလည်း​ တိုင်း​ရင်း​သား​ပါပဲ။ ဒါ​ပေမယ့်​ အများ​စု​ပေါ့​။) အများ​စုဖြစ်တဲ့​ ဗမာ​တွေနဲ့​ တခြား​ တိုင်း​ရင်း​သား​တွေဟာ လက်တွဲပြီး​ လုပ်လို့​ရှိရင် လွတ်လပ်​ရေး​ကို မြန်မြန်ဆန်ဆန် ရလိမ့်​မယ်ဆိုတဲ့​ သ​ဘောတူညီချက်အရ ရှမ်း​ပြည်က ပင်လုံမြို့​လေး​မှာ လက်မှတ်ထိုး​လိုက်ကြတဲ့​ စာချုပ် ဖြစ်ပါတယ်။ အဲဒီ​တော့​ က​လေး​တွေကို တိုတိုနဲ့​ ​ပြောရရင် ပင်လုံဆိုတာ မြို့​လေး​တမြို့​ရဲ့​ နာမည် ဖြစ်တယ်။ အဲဒီမြို့​လေး​မှာ တိုင်း​ရင်း​သား​တွေဟာ ပထမဦး​ဆုံး​အကြိမ် နိုင်ငံ​ရေး​အရ ပူး​ပေါင်း​ ​ဆောင်ရွက်ဖို့​ သ​ဘောတူညီစွာ စာချုပ်တခုကို လက်မှတ်ထိုး​ခဲ့​တဲ့​ ​နေရာ ဖြစ်တယ်။ အဲဒီ စာချုပ်ကို ပင်လုံစာချုပ်လို့​ ​ခေါ်တယ်။ ဒီ​တော့​ ပင်လုံစိတ်ဓာတ်ဆိုတာ ရိုး​ရိုး​လေး​ပြောရရင် ငါတို့​အား​လုံး​ လက်တွဲပြီး​တော့​ ငါတို့​ လိုချင်တဲ့​ပန်း​တိုင်ကို သွား​မယ်ဆိုတဲ့​ ညီညွတ်တဲ့​ စိတ်ဓာတ် ဖြစ်ပါတယ်။”

မိုး​ကောင်း​မြို့​နယ်မှာ အဖွဲ့​ချုပ်ကိုယ်စား​ ဝင်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ခင်ကြည်ကို မဲ​ပေး​ကြဖို့​လည်း​ သူက တိုက်တွန်း​ခဲ့​ပါတယ်။

မိုး​ကောင်း​မြို့​နယ်မှာ ​ဒေါ်ခင်ကြည်ဟာ တချိန်တုန်း​က ကချင်လွတ်လပ်​ရေး​အဖွဲ့​မှ ဒု - ဥက္ကဋ္ဌတာဝန်ယူခဲ့​သူ တသီး​ပုဂ္ဂလကိုယ်စား​လှယ် ​ဒေါက်တာတူး​ဂျာ အပါအဝင် တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ပါတီ၊​ ပြည်ခိုင်ဖြိုး​ပါတီ၊​ ဒီမိုက​ရေစီမဟာမိတ်ပါတီက ကိုယ်စား​လှယ်​တွေနဲ့​ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီမနက် ရန်ကုန်က​နေ မြစ်ကြီး​နား​ကို ​လေယာဉ်နဲ့​ လာ​ရောက်ပြီး​ နမ္မတီး​ ​ဘောလုံး​ကွင်း​မှာလည်း​ ​ဟော​ပြောခဲ့​ပါ​သေး​တယ်။

“မိုး​ကောင်း​မှာလည်း​ ကျမတို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဝင်ပြီး​တော့​ ယှဉ်ပြိုင်ရတဲ့​ အ​ကြောင်း​ရင်း​တခုက ပြည်​ထောင်စုကို ထူ​ထောင်ချင်လို့​၊​ စစ်မှန်တဲ့​ ပြည်​ထောင်စု စိတ်ဓာတ်ကို ပြန့်​ပွား​ချင်လို့​ ဖြစ်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က စပြီး​တော့​ ဖွဲ့​ထား​စဉ် ကာလကတည်း​က တိုင်း​ရင်း​သား​များ​ အား​လုံး​ ​သွေး​စည်း​ညီညွတ်​ရေး​ကို ဦး​တည်ပါတယ်။”

ဒီ​နေ့​ ညမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မြစ်ကြီး​နား​ကို ပြန်မှာဖြစ်ပြီး​ မနက်ဖြန် မနက်ပိုင်း​ မ​နောကွင်း​မှာ မဲဆွယ်စည်း​ရုံး​ဖို့​ စီစဉ်ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013