Home
မြန်မာသတင်း
၂၄ နာရီလျှပ်စစ်မီးရရှိရန်ခက်ခဲသည့် ကျေးရွာများတွင် ဆိုလာမီးများ တပ်ဆင်ပေး
DVB
·
July 6, 2017
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (NEP)အမျိုးသားလျှပ်စစ် မီးလင်းရေး စီမံကိန်းအဖြစ် ဆိုလာမီးစနစ်တပ်ဆင်ဆောင်ရွက်ခွင့် ရရှိတဲ့ ကျေးရွာ ၄ ရွာကို ဆိုလာမီး တပ်ဆင်ပေးခဲ့ပါတယ်။ "ကျနော်တို့အုပ်စုကျေးရွာတွေက မဲဇာချောင်းရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့အတွက် ခရီးဝေးကွာပြီး ၂၄ နာရီလျှစ်စစ်မီးရဖို့ ခက်ခဲပါတယ်။ ဒီဆိုလာမီးကိုကျောက်ဆင်ရွာက အိမ်ခြေ ၁၀၅ အိမ်ရှိတဲ့ထဲက ဆိုလာမီးယူတဲ့အိမ်က ၈၉ အိမ်၊ သက္ကယ်ကျင်းက ၆၁ အိမ်မှာ ၄၅ အိမ်၊ ထန်းတောက ၅၆ အိမ်မှာ ၃၅ အိမ်၊ လက်ပန်တန်းက ၅၆ အိမ်မှာ ၄၅ အိမ် ဆိုလာမီးယူပါတယ်။ တချို့ဆိုလာမီးရှိပြီးသားအိမ်တွေကတော့ မယူကြပါဘူး”လို့ ကျေးရွာအုပ်စုစာရေး ဦးချိုလွင်က ပြောပါတယ်။ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်က “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ(NEP) အမျိုးသားလျှပ်စစ် မီးလင်းရေးစီမံကိန်းအဖြစ် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီးကျေးရွာပြည်သူတွေ ထည့်ဝင်ငွေနဲ့ သက္ကယ်ကျင်းတွင် ၄၅ အိမ်၊ ထန်းတောတွင် ၃၅ အိမ်၊ ကျောက်ဆင်တွင် ၈၉ အိမ် ၊ လက်ပန်တန်း တွင် ၄၅ အိမ်တို့မှာ တအိမ်ကို အိမ်သုံးဆိုလာ 60W မီးလုံး(၅)လုံး၊ ရွာအတွင်း လမ်းဆုံတွေမှာ 70W မီးတိုင် ၅ တိုင်၊ စာသင်ကျောင်း ၄ ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းတို့မှာ 120W မီးလုံး ၉ လုံးစီ တပ်ဆင်ပေးထားပြီ ဖြစ်ကြောင်း  တပ်ဆင်ပေးထားတဲ့ အခြေအနေတွေကို ဇူလိုင် ၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ ပါတယ်”လို့ ပြောပါတယ်။ “ဆက်လက်ပြီး ဆိုလာမီးတပ်ဆင်ပေးသွားမယ့် ကျေးရွာတွေကတော့ နောင်ကွပ်မှာ ၅၃ အိမ်၊ နားမကြိုင်းမှာ ၆၄ အိမ်၊ ခေါင်းတုံးစီမှာ ၃၀ အိမ် နဲ့ ဆားမှော်ကျေးရွာမှာ ၇၃ အိမ်အတွက် စာရင်းရရှိထားပြီး ဒီကျေးရွာတွေအတွက် ဆိုလာပစ္စည်းတွေလည်း ရောက်ရှိနေပါပြီ။ ဇူလိုင်လအတွင်း အပြီးတပ်ဆင်ပေးမှာပါ။ အခု ဆိုလာမီးယူထားတဲ့ရွာတွေက  စာရင်းမပေးထား သူတွေကိုလည်း ထပ်မံစာရင်းတွေ ကောက်ခံနေပါတယ်။ သူတို့တွေကိုလည်း မီးရရှိအောင်ဆောင်ရွက်ပေးမှာပါ”လို့ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ကပြောပါတယ်။ ကိုကျော်(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024