DVB Logo
Home
မြန်မာသတင်း
ကြက်ဆူဆီမှရ​သော ဘိုင်အိုဒီဇယ်ဖြင့်​ ​ကျေး​ရွာ​ပေါင်း​ ၁၀၀၀ ကို မီး​ပေး​မည်
DVB
·
February 23, 2012
ကြက်ဆူဆီမှရ​သော ဘိုင်အိုဒီဇယ်ဖြင့်​ ​ကျေး​ရွာ​ပေါင်း​ ၁၀၀၀ ကို မီး​ပေး​မည်
Donate to DVB

ကြက်ဆူပင်က​နေ ထွက်ရှိမယ့်​ ​လောင်စာဆီကို အသုံး​ပြုပြီး​ မြန်မာနိုင်ငံ ပြည်နယ်နဲ့​တိုင်း​ ​ဒေသကြီး​တချို့​က ရွာ​ပေါင်း​ ၁၀၀၀ အတွက် မီး​လင်း​ရေး​ ၆ နှစ် စီမံကိန်း​ကို လာမယ့်​ မတ်လထဲမှာ စပြီး​ ​ဆောင်ရွက်မယ်လို့​ သိရပါတယ်။

[caption id="attachment_21645" align="alignright" width="300" caption="ကြက်ဆူပင်"][/caption]

ဒီစီမံကိန်း​ကို မြန်မာနိုင်ငံက သစ်​တောပညာရှင် တဦး​နဲ့​ ဂျပန်နိုင်ငံက ပညာရှင်​တွေ ပူး​ပေါင်း​ပြီး​တော့​ ကြက်ဆူပင်က ရလာတဲ့​ဆီနဲ့​ ဘိုင်အိုဒီဇယ်လုပ်ပြီး​ လျှပ်စစ်မီး​ပေး​သွား​မယ်လို့​ ပြည်တွင်း​ရုပ်သံလိုင်း​ MRTV-4 က ထုတ်လွှင့်​သွား​ပါတယ်။

စီမံကိန်း​ကာလ ၆ နှစ် သတ်မှတ်ထား​ပြီး​ မြန်မာနိုင်ငံ အလယ်ပိုင်း​ အပူပိုင်း​ဒေသက ​ကျေး​ရွာ​တွေ၊​ ဧရာဝတီတိုင်း​ဒေသကြီး​နဲ့​ ရှမ်း​ပြည်နယ် အင်း​လေး​ဒေသက ​ကျေး​ရွာ​တွေ အပါအဝင် ရွာ​ပေါင်း​ ၁၀၀၀ မီး​လင်း​ဖို့​ ​ဆောင်ရွက်​ပေး​သွား​မယ်။ အဲဒီရွာက လူမှုစီး​ပွား​စစ်တမ်း​တွေ ​ကောက်ယူပြီး​ရင် ပထမဆုံး​အ​နေနဲ့​ ရှမ်း​ပြည်နယ် အင်း​လေး​ဒေသက ရွာ​ပေါင်း​ ၁၀၀ ​ကျော်ကို အရင် ​ပေး​သွား​မယ်လို့​ ဆိုပါတယ်။

ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ ရှမ်း​ပြည်နယ် အင်း​လေး​ဒေသက အင်း​တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ ဦး​ဝင်း​မြင့်​က ​ကျေး​လက်​တောရွာ​တွေမှာ မီး​ရရှိ​ရေး​အတွက် ​ဆောင်ရွက်တာဟာ အင်မတန် ​ကောင်း​မွန်​ပေမယ့်​လည်း​ ကုန်ကြမ်း​ဖြစ်တဲ့​ ကြက်ဆူပင် စိုက်ပျိုး​ဖို့​တော့​ အခက်အခဲရှိမယ်လို့​ ​ပြောပါတယ်။

“ဘိုင်အိုဒီဇယ်ဆိုတာက လက်လှမ်း​မမီတဲ့​ ​ဒေသမှာ လုပ်​ပေး​နိုင်ရင်​တော့​ ​ကောင်း​တယ်​လေ။ အဲဒီ့​ ဘိုင်ဘိုဒီဇယ်ဆိုတာ ကြက်ဆူဆီက အမြဲတမ်း​ လုပ်​ပေး​နေရမယ်။ ၂၄ နာရီလုံး​လည်း​ မီး​ရ​နေတဲ့​ အ​နေအထား​လည်း​ မဟုတ်ဘူး​လေ။ ကြက်ဆူဆီက ပြည်သူလည်း​ မစိုက်ချင်ကြဘူး​။ အရင်တုန်း​ကလည်း​ ကြက်ဆူဆီစိုက်တယ်ဆိုပြီး​ အခုထိ ဘယ်လိုမှ အကျိုး​အမြတ် မရှိဘူး​။ ပြည်သူ​တွေလည်း​ အချိန်ကုန် လူပမ်း​ငွေပမ်း​သွား​တဲ့​ အ​နေအထား​ရှိတယ်။”

စစ်အစိုး​ရလက်ထက်က ၂၀၀၆ ခုနှစ်​လောက်စပြီး​ ခြံစည်း​ရိုး​ကြက်ဆူပင် မစိုက်မ​နေရ စီမံကိန်း​ကို အ​ကောင်အထည်​ဖော်ခဲ့​တုန်း​က ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ ဝန်ထမ်း​တွေပါ မကျန် အလုပ်အကိုင်ပျက် စိုက်ပျိုး​ခဲ့​ရသလို၊​ ​မြေသိမ်း​ယာသိမ်း​တွေ၊​ အဓမ္မခိုင်း​စေမှု​တွေပါ ဖြစ်ခဲ့​ပြီး​ ရလဒ်အား​ဖြင့်​ သဲထဲ​ရေသွန် ဖြစ်ခဲ့​တဲ့​ အ​တွေ့​အကြုံ​ကြောင့်​ သံသယ ရှိ​နေကြတာပါ။

အလား​တူ စီမံကိန်း​ နယ်​မြေတခုဖြစ်တဲ့​ ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​မှာ ​နေထိုင်သူ လူ့​အခွင့်​အ​ရေး​ ကာကွယ်မြှင့်​တင်သူ ကိုဘန်ကူး​ကလည်း​ စီမံကိန်း​ ​အောင်မြင်နိုင်​ခြေအ​ပေါ် သံသယ ရှိတယ်လို့​ ​ပြောပါတယ်။

“လက်ရှိ အ​ခြေအ​နေထိ​တော့​ မြစ်ဝကျွန်း​ပေါ် ​ကျေး​လက်​ဒေသမှာ လျှပ်စစ်မီး​ ရရှိ​ရေး​ဆိုတာက အခုထိ​တော့​ ဘာမှ မကြား​ရ​သေး​ဘူး​။ ကြက်ဆူဆီပင်ကို သိပ်မစိုက်ကြပါဘူး။ ကြက်ဆူက​နေ ဘိုင်အိုဆီ​ပေါ့​၊​ လျှပ်စစ်မီး​လင်း​မယ်ဆိုတာ ဒါက​တော့​ နည်း​ပညာရှင်​တွေ အ​ပြောအရ​တော့​ ဖြစ်ချင် ဖြစ်မယ်။ အဲဒါ​တော့​ စိတ်ကူး​ယဉ် အိပ်မက် တခုလို့​ပဲ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ အစိုး​ရအဆက်ဆက် လျှပ်စစ်မီး​မရတဲ့​ရွာ​တွေ အ​မြောက်အမြား​ ရှိ​နေတာပါ။ လတ်တ​လောမှာ​တောင် ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​နယ်က ရွာ​ပေါင်း​ ၅၀၀ ​ကျော်မှာ မြို့​ပေါ်နဲ့​ ရွာကြီး​တွေ​လောက်ပဲ အစိုး​ရက​ပေး​တဲ့​ လျှပ်စစ်မီး​ကို ရတယ်။ ကျန်တဲ့​ရွာက ဆီမီး​ခွက်​တွေ၊​ ဖ​ယောင်း​တိုင်​တွေ၊​ ဘတ္ထရီအိုး​တွေနဲ့​ မီး​ထွန်း​နေရတုန်း​ပဲလို့​ ကိုဘန်ကူး​က ဆက်​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013