A d v e r t i s e m e n t With Us

အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့ပေးနေမှု ရပ်တန့်ရန် ကာတာကို ယူအေအီး တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့ပေးနေမှုတွေကို ရပ်တန့်ဖို့ ကာတာနိုင်ငံကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ဇူလိုင် ၄ ရက်နေ့မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ယူအေအီး နိုင်ငံခြားရေးဝန်ကြီး ရှိတ်အဗ္ဗဒူလာဘင်ဇာယစ်နဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဆစ်ဂ်မာ ဂါဘရီယယ်တို့ မြို့တော် အဘူဒါဘီမှာ တွေ့ဆုံအပြီး အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ကာတာနိုင်ငံဟာ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့ပေးနေတယ်လို့ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ် လေးနိုင်ငံတို့က စွပ်စွဲပြောကြားပြီး သံအဆက်အသွယ်သာမက ကာတာနဲ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ဆက်ဆံရေးတွေကိုပါ ဖြတ်တောက်ခဲ့တာပါ။ ဒါ့အပြင် ကာတာမှာဖွင့်ထားတဲ့ တူရကီစစ်အခြေစိုက်စခန်းကို ပိတ်ပစ်ဖို့၊ အီရန်နဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့၊ ကာတာအစိုးရက ထိန်းချုပ်ထားတဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနကို ပိတ်ပစ်ဖို့ စတဲ့ အချက် ၁၃ ခုကို တောင်းဆိုထားပါတယ်။ လက်ရှိအချိန်မှာ ကူဝိတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ကာတာရဲ့ တုံ့ပြန်ချက်ကို ဆော်ဒီ စတဲ့လေးနိုင်ငံက စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ ကာတာနိုင်ငံအနေနဲ့ တောင်းဆိုချက်တွေကို မလိုက်လျောပါက နိုင်ငံတကာ ဥပဒေဘောင်အတွင်းကနေ နောက်ထပ် အစီအမံတွေ လုပ်သွားမယ်လို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up