Homeမြန်မာသတင်း
တောင်ကြီး-သာစည်လမ်း ကျွဲတပ်ဆုံတိုးဂိတ်တွင် ကျပ်သိန်း ၉၀၀ ဖိုး စိတ်ကြွဆေးပြားများ ဖမ်းမိ
တောင်ကြီး-သာစည်လမ်း ကျွဲတပ်ဆုံတိုးဂိတ်တွင် ကျပ်သိန်း ၉၀၀ ဖိုး စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
July 5, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တောင်ကြီး-သာစည်ကားလမ်း ကျွဲတပ်ဆုံတိုးဂိတ် ဇူလိုင် ၅ ရက် မနက် ၁ နာရီခန့်တွင် တောင်ကြီးဘက်မှ ဆင်းလာတဲ့ ရွှေတောင်ရိုး အိက်စ်ပရက် ခရီးသည်တင်ကား ခုံ၂၂ စီးလာသူ နေလင်းထွန်း ခရီးဆောင်အိတ်ထဲက စိတ်ကြွဆေးပြား ၃၀၀၀၀ သုံးသောင်း ကျပ်သိန်း ၉၀၀ ဖိုး ဖမ်းမိတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
တာဝန်ကျရဲအရာရှိ ဒုရဲအုပ်မောင်မောင်ဝင်းက "မူးယစ်တပ်ဖွဲ့ရဲအုပ်ခွန်အောင်ကိုကို နဲ့ ပူပေါင်း ဖမ်းပါတယ်။ မူးယစ်အဖွဲ့က စိတ်ကြွဆေးတပြား ကာလပေါက်ဈေး ၃၀၀၀ တန်ဖိုးသင့်ပါတယ်။ ဆေးပြား၃၀၀၀၀ သိန်း ၉၀၀ ပါ ၃ ကီလိုဂရမ် မိပါတယ်"လို့ ပြောပါတယ်။
သာစည်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော လက်ဝယ်ထာ၊ သုံးစွဲ၊ သယ်ဆောင်ဖြန့်ဖြူး - ထုတ်လုပ်ဖြန့် ဥပဒေပုဒ်မ ၁၅/၁၉-က/၂၀-က/၂၁ နဲ့ အမှုအမှတ် မယ(ပ)၉/၂၀၁၇ နဲ့ နေလင်းထွန်းကို ဖမ်းဆီးအမှုဖွင့်ပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)