A d v e r t i s e m e n t With Us

ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် တိုက်ပွဲသစ်များ​ ထပ်မံဖြစ်ပွား

အက်စ်​အက်စ်​ေအ​ ​တပ်​ဖွဲ​့​၀င်​များ​​ (ဓာတ်​ပံု-​အံ​ဘုန်း​​ြမတ်)
မကြာ​သေး​ခင်က အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူထား​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​လို့​ လူသိများ​တဲ့​ အက်စ်အက်စ်​အေ/အာစီအက်စ်အက်စ် ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ ​ကောင်စီက တပ်​တွေနဲ့​အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲသစ်​တွေ ထပ်မံ ဖြစ်ပွား​နေပါတယ်။ [caption id="attachment_21626" align="alignleft" width="300" caption="အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-အံ့ဘုန်းမြတ်)"][/caption] ရှမ်း​ပြည်အ​ရှေ့​ပိုင်း​ တာချီလိတ်မြို့​နယ် မိုင်း​ဟိုင်း​ကျေး​ရွာအုပ်စုထဲမှာ ဒီ​နေ့​ ​နေ့​လယ်က တိုက်ပွဲ​တွေ ဆက်ဖြစ်​နေတာပါ။ ဒီတိုက်ပွဲ​တွေမှာ နှစ်ဖက်စစ်သည်​တွေ ​သေ​ကျေဒဏ်ရာရမှုရှိပြီး​ ရှမ်း​ပြည်တပ်မ​တော်ဘက်က တပ်သား​ ၂ ဦး​ ကျဆုံး​ပြီး​ ​သေနတ် ၁ လက် ဆုံး​ရှုံး​ကာ အစိုး​ရတပ်ဘက်ကလည်း​ အနည်း​ဆုံး​ ၃ ဦး​ ကျဆုံး​ခဲ့​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော်က ​ပြောပါတယ်။ ရှမ်း​ပြည်တပ်မ​တော် တပ်ဖွဲ့​တွေကို နယ်စပ်ဘက်ဆုတ်သွား​ဖို့​ အစိုး​ရတပ်က ဖိအား​ပေး​ရင်း​ တိုက်ပွဲ​တွေ ဖြစ်​နေတာလို့​ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​ရဲ့​ ​ပြောခွင့်​ရပုဂ္ဂိုလ် ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။ “ကျ​နော်တို့​ကို မိုင်း​တော့​မိုင်း​ထား​ ​ဒေသဘက်ကို ​ရွှေ့​ခိုင်း​ပါတယ်။ အဲဒီဟာကို ကျ​နော်တို့​က အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက်ထဲမှာ မပါပါဘူး​။ ကျ​နော်တို့​ ​ရောက်ရှိတဲ့​ ​နေရာ​ဒေသမှာ ကျ​နော်တို့​ အ​ခြေချပြီး​တော့​ အစိုး​ရတပ်ဖွဲ့​တွေနဲ့​ ပူး​ပေါင်း​ပြီး​တော့​ လိုအပ်တဲ့​ လူမှု​ရေး​လုပ်ငန်း​တွေ၊​ စီး​ပွား​ရေး​လုပ်ငန်း​တွေ ​ဖော်​ဆောင်သွား​မယ်ဆိုပြီး​တော့​ ​ပြောထား​တာ။ သ​ဘောတူထား​တဲ့​ လက်မှတ်ထိုး​ထား​တဲ့​ အချက်ထဲမှာ ပါတယ်။ အဲဒါ​တွေကို သူတို့​က လိုက်နာ​ဆောင်ရွက်ခြင်း​ မရှိဘဲနဲ့​ ဟိုသွား​ခိုင်း​၊​ ဒီသွား​ခိုင်း​တယ်။ မစွန့်​ခွာဘူး​ဆိုရင် ပစ်မယ်ဆိုပြီး​ ခြိမ်း​ခြောက်ပြီး​ ကျ​နော်တို့​ကို ဝင်ပစ်တာပါပဲ။” အစိုး​ရဘက်က ​ရွှေတြိဂံတိုင်း​ လက်​အောက်ခံ ကျိုင်း​တုံအ​ခြေစိုက် ခမရ ၅၇၂ တပ်နဲ့​ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​ ကျိုင်း​တုံ စစ်​ဒေသက တပ်ဖွဲ့​တွေဟာ မိုင်း​ဟိုင်း​ ​ဒေသတဝိုက်မှာပဲ ​ဖေ​ဖော်ဝါရီ ၁၈ ရက်နဲ့​ ၂၁ ရက်​နေ့​တွေကလည်း​ တိုက်ပွဲ​တွေ ဖြစ်ပွား​ခဲ့​ပါ​သေး​တယ်။ ဒု-ဗိုလ်ချုပ်ကြီး​ရွက်ဆစ် ဦး​ဆောင်တဲ့​ အက်စ်အက်စ်​အေ/အာစီအက်စ်အက်စ် အဖွဲ့​ဟာ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေနဲ့​ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီ ၁၆ ရက်​နေ့​ကမှ ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ခဲ့​ပြီး​ အပစ်အခတ်ရပ်​ရေး​ ပဏာမ သ​ဘောတူ လက်မှတ် ​ရေး​ထိုး​ထား​ခဲ့​တာပါ။ ဒါ​ပေမယ့်​ ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​ကစပြီး​ ခုချိန်ထိ တိုက်ပွဲ​တွေ ၁၀ ကြိမ်ထက်မနည်း​ ဖြစ်ပွား​ခဲ့​တယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။ ဒီတိုက်ပွဲ​တွေဟာ အက်စ်အက်စ်​အေ ထိန်း​ချုပ်နယ်​မြေထဲမှာ အစိုး​ရတပ်​တွေက လာပြီး​ စစ်ဆင်​နေတဲ့​အတွက် ဖြစ်ပွား​ရတာဖြစ်လို့​ အစိုး​ရမှာ တာဝန်ရှိတဲ့​အ​ကြောင်း​ ငြိမ်း​ချမ်း​ရေး​ကို ဆက်လက် ထိန်း​သိမ်း​ထား​ဖို့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ အကျိုး​ဆောင် ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ဆီကို စာ​ရေး​ အ​ကြောင်း​ကြား​ထား​တယ်လို့​ရှမ်း​ပြည်တပ်မ​တော်က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up