DVB Logo
Home
မြန်မာသတင်း
အုန်းဖျန် ဒုက္ခသည်စခန်း အိမ်ခြေ ရာချီ မီးလောင်ကျွမ်း
DVB
·
February 23, 2012
အုန်းဖျန် ဒုက္ခသည်စခန်း အိမ်ခြေ ရာချီ မီးလောင်ကျွမ်း
1 / 3
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အုန်းဖျန် ဒုက္ခသည် စခန်းမှာ ဒီနေ့ မနက်ပိုင်းက မီးလောင်မှု တခုဖြစ်ပွားပြီး ဒုက္ခသည်နေအိမ်တွေ ရာနဲ့ချီပြီး မီးထဲပါသွားခဲ့ပါတယ်။

ဒုက္ခသည်စခန်း ရပ်ကွက် ၉ ကနေ မနက် ၁၁ နာရီခွဲလောက်က စတင် လောင်ကျွမ်းခဲ့တဲ့ မီးဟာ မွန်းတည့် ၁ နာရီကျော်လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

ရပ်ကွက် ၇၊ ဂ၊ ၉ နဲ့ ရပ်ကွက် ၆ က နေအိမ် ၃ ပုံ ၂ ပုံလောက် မီးထဲ ပါသွားတယ်လို့ မီးလောင်ကျွမ်းရာမှာ အိမ်ဆုံးရှုံးသွားတဲ့  စခန်းက ကိုအောင်မိုးက ပြောပါတယ်။

“၉ ရပ်ကွက်ကနေ စလောင်ကျွမ်းတာပါ။ ကျနော့်အိမ်လည်း မီးထဲ ပါသွားတယ်။ မီးကလည်း နွေရာသီဖြစ်တော့ ​လောင်စာကောင်းသလိုမျိုး လောင်နေတယ်။ အိမ်တလုံးပြီးတလုံး ကူးစက်ဖို့ အရမ်းမြန်တယ်။ ​လေက အရမ်းတိုက်နေတော့ ငြိမ်းသတ်ဖို့ မလွယ်ဘူး။ ဒုက္ခသည်စခန်း ဖြစ်နေတော့ မီးသတ်ကားတွေ ဘာတွေလည်း သိပ်မနီးဘူး။”

မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏ အတိအကျကိုတော့ မသိရသေးပါဘူး။ ဒေသခံ ထိုင်းမီးသတ်ကားတွေကတော့ ဒုက္ခသည်စခန်းနဲ့ ခရီးအတန် ကွာဝေးတာကြောင့် မီးလောင်ကျွမ်းပြီး ၁ နာရီလောက်​ ​နောက်ကျပြီး ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းထဲမှာ အိမ်ခြေ ၂၀၀၀ နီးပါး ရှိပြီးတော့ အခု မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၅၀၀ လောက် မီးထဲပါသွားနိုင်တယ်လို့ ဒုက္ခသည်တွေက ခန့်မှန်းထားပါတယ်။  မီးလောင်သွားတဲ့ အိမ်ခြေအရေအတွက် အတိအကျသိရဖို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကို ကြိုးစား ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ် တပ်ခ်ခရိုင်မှာ တည်ရှိပြီး ဒုက္ခသည်စခန်း ၁၀ ခုအနက် မယ်လဒုက္ခသည်စခန်းပြီးရင် ဒုတိယမြောက် လူဦးရေအများဆုံးရှိတဲ့ စခန်းဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တွေကို အစားအစာနဲ့ တခြား လူမှုရေးအကူအညီတွေ ပံ့ပိုးပေးနေတဲ့ TBBC ရဲ့ စာရင်းအရ ဒုက္ခသည် ၁၇,၀၀၀ ကျော်​ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013