ဒေသခံများကို အံ့အားသင့်စေခဲ့သည့် တရုတ်မှ ကြုံတောင့်ကြုံခဲ ရေဆင်နှာမောင်း (ရုပ်သံ)

979
ဒေသခံများကို အံ့အားသင့်စေခဲ့သည့် တရုတ်မှ ကြုံတေ...
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံးကျန်ပြည်နယ်ထဲက ဘောင်ကျင်းမြို့နယ် စိုက်ခင်းအမှတ် ၈၅၃ မှာ ကြုံတောင့်ကြုံခဲ ရေဆင်နှာမောင်းတခု ဖြစ်ပေါ်ခဲ့ပြီး ဒေသခံတွေနဲ့ ခရီးသွားဧည့်သည်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ညနေမှောင်ရီပျိုးချိန်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာ ယန်ဝိုဒေါင်ဒေသရဲ့ မြစ်တခုပေါ်မှာ လေဆင်နှာမောင်းပုံ တိမ်တိုက်က လည်ပတ်ပြီး မြစ်ထဲကရေတွေကို စုပ်ယူရင်း ရွေ့လျားနေတာကို မြင်ရပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ လေဆင်နှာမောင်းဟာ မြင်ရခဲသလို အခုလို ရေဆင်နှာမောင်းကို တွေ့ရတာဟာ ပိုပြီးတော့ ကြုံတောင့်ကြုံခဲဖြစ်ရပ် ဖြစ်ပါတယ်။
ဒါဟာ ဒီဒေသကလူတွေ ပထမဆုံး ရေဆင်နှာမောင်းကို မြင်ဖူးတာပဲလို့ စိုက်ခင်းအမှတ် ၈၅၃ မိုးလေဝသဌာနက ပြောပါတယ်။
ရေဆင်နှာမောင်းက ပူနွေးတဲ့ ရေပြင်ပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ လေဆင်နှာမောင်းလိုမျိုးပါပဲ။ သူက ရှားရှားပါးပါး စိုထိုင်းဆများတဲ့ လေထုက အပူအအေး မညီတာကြောင့် အပေါ်လေ အောက်လေ လျင်လျင်မြန်မြန် နေရာတခုတည်းမှာ ရွေ့လျားပြီး ပေါ်လာတာပါ။ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါလို့ စိုက်ခင်းအမှတ် ၈၅၃ မိုးလေဝသဌာနရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။