A d v e r t i s e m e n t With Us

နေပြည်တော်က တရားမဝင်အနှိပ်ခန်းနှင့်ကေတီဗွီကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဟိုတယ်ဇုန် (၂) ရှိ ကျောက်စိမ်းမြို့တော်ဟိုတယ်ကို  ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီး တရားမဝင် အနှိပ်ခန်း၊ KTV ဖွင့်လှစ်လုပ်ကိုင်နေမှု၊  လိုင်စင်မဲ့ ယစ်မျိုးရောင်းချမှုတွေနဲ့ အရေးယူလိုက်ပါတယ်။ အဲဒီဟိုတယ်ကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့က ဇူလိုင်လ ၃ ရက်နေ့ ညပိုင်း ၁၁ နာရီ ၄၅ မိနစ်အချိန်က ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်မန်နေဂျာကို လိုင်စင်မဲ့ KTV ကာရာအိုကေဖွင့်လှစ်မှုနဲ့ မမစ(ဘုရားကုန်း) (ပ)၃၂၀/၂၀၁၇ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ၃၂(က)၊ ပြည်သူ့ဝန်ထမ်းက ဥပဒေနဲ့အညီ ထုတ်ပြန်ထားတဲ့ အမိန့်အား လိုက်နာရန် ပျက်ကွက်မှု ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူ ဆောင်ရွက်နိုင်ဖို့ ဥတ္တရသီရိမြို့နယ် တရားရုံးကို ဦးတိုက်တရားစွဲ တင်ပို့ထားတယ်လို့ သိရပါတယ်။ KTV ကို ၁ နာရီ ကျပ် ၉၀၀၀ နှုန်းနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး TV၊ Karoke System Remote၊ Microphone၊ ဆောင်းဘောက်၊ အသံမြှင့်စက်၊ ကွန်ပျူတာပုံး၊ F 3000 အသံချဲ့စက်တွေနဲ့ ဘီယာ အရက်တွေကို သက်သေခံပစ္စည်းအနေနဲ့ ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် KTV ကာရာအိုကေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး ၇ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားပြီး အနှိပ်သမအဖြစ် လုပ်ကိုင်နေတဲ့ အမျိုးသမီး ၈ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ပဲ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဟိုတယ် ကြီးကြပ်ရေးမှူးကိုတော့ လိုင်စင်မဲ့ယစ်မျိုး ရောင်းချမှုကို မမစ(ဘုရားကုန်း) (ပ)၃၁၉/၂၀၁၇ ယစ်မျိုး အက်ဥပဒေပုဒ်မ ၃၀(ခ) နဲ့ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up