A d v e r t i s e m e n t With Us

မိခင်ဆင်မကြီးက ဆင်ပေါက်ကလေးကို လမ်းလျှောက်တတ်အောင် ဘယ်လိုသင်ပေးလဲ (ရုပ်သံ)

မွေးကင်းစ ဆင်ပေါက်ကလေးတွေဟာ လမ်းမလျှောက်တတ်သေးခင်မှာ မိခင်က ဘယ်လိုသင်ကြားပေးသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ချစ်စဖွယ် ဆင်ပေါက်ကလေး သားအမိရဲ့ လမ်းလျှောက်တတ်အောင် လေ့ကျင့်သင်ကြားပေးနေကြပုံတွေကို တွေ့ကြရမှာပါ။ ဒီအဖြစ်အပျက်ဟာ ဘော့ဆွာနာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဆင်မကြီးက ဆင်ပေါက်ကလေး မွေးပြီးပြီးချင်း အခြေအနေကို ရိုက်ယူထားခဲ့တာပါ။ ဆင်ပေါက်ကလေးဟာ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကို ထိန်းမတ်မထားနိုင်ဘဲ ယိုင်နဲ့နဲ့ဖြစ်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ မိခင်ဆင်မကြီးဟာ ဆင်ပေါက်ကလေးကို မတ်မတ်ရပ်စေချင်ပုံ ပေါ်ပါတယ်။ ဆင်ပေါက်ကလေးဟာ မြေပြင်ပေါ် ခွေကျသွားလိုက် ယိုင်ထိုးလိုက်နဲ့ ရှိနေခဲ့တာပါ။ ဒါပေမယ့် မိခင်ဆင်မကြီးဟာ နှာမောင်းနဲ့ ထိန်းထားခဲ့ကာ ဘေးက တည့်မတ်ပေးခဲ့ချိန်မှာတော့ ဆင်ပေါက်ကလေးဟာ စက္ကန့်ပိုင်းအတွင်း ပြန်လည်ထလာနိုင်ခဲ့ပြီး မတ်တပ်ရပ်နိုင်ခဲ့တာကို အံ့သြဖွယ် တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up