မိုး​ကောင်း​မြို့​တွင် ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​ပြော

​ေဒါ်​ေအာင်​ဆန်း​စု​ြကည်​ ​ြမစ်​ြကီး​နား​​ ​ခ​ရီး​စဥ်
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ကချင်ပြည်နယ် မိုး​ကောင်း​မြို့​နယ် ​ဘောလုံး​ကွင်း​မှာ ဒီည​နေပိုင်း​က မဲဆွယ်​ဟော​ပြောပွဲလုပ်ပြီး​ အဖွဲ့​ချုပ်ကိုယ်စား​လှယ်​လောင်း​ကို မဲ​ပေး​ကြဖို့​ တိုက်တွန်း​ ​ပြောဆိုခဲ့​ပါတယ်။ ဒီပွဲကို ဧည့်​ပရိသတ် ကွင်း​လုံး​ပြည့်​ တက်​ရောက် နား​ထောင်ကြတယ်လို့​ မျက်မြင်​တွေက ​ပြောပါတယ်။ ည​နေ​လေး​နာရီခွဲမှာ မိန့်​ခွန်း​ပြောဆိုမှု ပြီး​ဆုံး​ပြီး​နောက် မြစ်ကြီး​နား​ကို ပြန်မှာ ဖြစ်ပါတယ်။ မြစ်ကြီး​နား​မှာ ညအိပ်ပြီး​ မနက်ကျရင် မြစ်ကြီး​နား​မြို့​က မ​နောကွင်း​မှာ မဲဆွယ် ​ဟော​ပြောစည်း​ရုံး​မှာ ဖြစ်ပါတယ်။ နမ္မတီး​တွင် ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​ပြော အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ကချင်ပြည်နယ် မိုး​ကောင်း​မြို့​နယ် နမ္မတီး​ရွာက ​ဘောလုံး​ကွင်း​မှာ မဲဆွယ်​ဟော​ပြောပွဲလုပ်ပြီး​ အဖွဲ့​ချုပ်ကိုယ်စား​လှယ်​လောင်း​ကို မဲ​ပေး​ကြဖို့​ တိုက်တွန်း​ပြောဆိုခဲ့​ပါတယ်။ ဒီပွဲကို ဧည့်​ပရိသတ် ငါး​သောင်း​လောက် တက်​ရောက် နား​ထောင်ကြတယ်လို့​ မျက်မြင်​တွေက ​ပြောပါတယ်။ ​နေပူကျဲကျဲ​အောက်မှာ ပရိသတ်​တွေကို မိနစ်နှစ်ဆယ်​ကျော် မိန့်​ခွန်း​ပြောဆိုအပြီး​မှာ မိုး​ကောင်း​ဘက်ကို ဆက်လက်ထွက်ခွာပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​အပြည့်​အစုံကို အသံဖိုင်မှာ နာဆင်နိုင်ပါတယ်။ မြန်မာစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မွန်းတည့်ပိုင်းမှာ ကချင်ပြည်နယ်မြစ်ကြီးနားလေဆိပ်ကို ရောက်ရှိတယ်လို့ သွားကြိုတဲ့ အဖွဲ့ချုပ်လူငယ်တဦးက ပြောပါတယ်။ “ရောက်ပြီခင်ဗျာ။ အခုကျနော်တို့ယာဉ်တန်း လေဆိပ်ကနေ ထွက်ပြီခင်ဗျ။ လူတွေအားလုံးကတော့ အမေစုကျန်းမာပါစေ၊ ချမ်းသာပါစေလို့ အုတ်အော်သောင်းတင်းအားပေးကြတယ်” လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီမဲဆွယ်စည်းရုံးရေးအတွက် ရန်ကုန်ကနေ လေယာဉ်နဲ့ မြစ်ကြီးနားကို ဆိုက်ရောက်လာတာဖြစ်ပါတယ်။ သူက “ကျောင်းးသားတွေလည်းပါမယ်၊ တိုင်းရင်းသားတွေလည်းပါမယ်၊ မြို့ခံတွေလည်းပါတယ်၊ ထောင်ကျော်မယ်။ အခု ကားတန်းက နမ္မတီးခရီးစဉ်ကို အရင်သွားမယ်။ နမ္မတီးပြီးမှ မိုးကောင်း၊ မိုးကောင်းကမှ ပြန်လာပြီး မြစ်ကြီးနားမှာ ညအိပ်တည်းမယ်။ မနက်ကျမှ မြစ်ကြီးနား မနောကွင်းမှာ ဟောပြောပွဲလုပ်မယ်” လို့ ပြောပါတယ်။ နမ္မတီးကို သွားမယ့်ခရီးဟာ ပုံမှန်အားဖြင့်ဆို တနာရီခွဲခန့် မောင်းရပေမယ့် အခုလို ကြိုဆိုသူများပြားတာကြောင့် သုံးနာရီကျော်ခန့် ကြာနိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။ ဒီမွန်းလွဲပိုင်းမှာပဲ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား (၁၆) ဦးဟာလည်း ရန်ကုန်ကနေလေယာဉ်ခရီးနဲ့ မြစ်ကြီးနားကို ဆိုက်ရောက်ဖို့ရှိပြီး ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကချင်ပြည်သူများ ကြိုဆို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ​ ​ရွေးကောက်ပွဲအောင်နိုင်ရေး​ မဲ​ဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို​ ​လေကြောင်းခရီးနဲ့​​ ဒီမနက် ထွက်ခွာပါတယ်။ မြန်မာစံတော်ချိန် မနက် ဆယ်နာရီခွဲ​ အထိတော့ မြစ်ကြီးနားလေဆိပ်ကို မရောက်သေးဘူးလို့ လေဆိပ်မှာ စောင့်ကြိုနေသူတွေက ပြောပါတယ်။ မြစ်ကြီးနားမြို့ လေဆိပ်မှာ လူရာချီ ကြိုဆိုနေကြပြီး အဲဒီထဲက အဖွဲ့ချုပ်လူငယ်တဦးက “မရောက်သေးဘူးအစ်ကို၊ ၁၁ နာရီလောက် ရောက်မယ် ပြောတယ်” လို့ ဆိုပါတယ်။ မြစ်ကြီးနားလေဆိပ်မှာ ကချင်တိုင်းရင်းသားဝတ်စုံတွေ၊ ကျောင်းဝတ်စုံတွေ၊ ပင်နီဝတ်စုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စောင့်ဆိုင်းနေကြပါတယ်။ ကချင်တိုင်းရင်းသူတဦးက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့ လာကြိုတာလို့ ပြောပါတယ်။ “ကမ္ဘာကျော်တဲ့ မိန်းမတယောက်ကို တွေ့ဖူးချင်တယ်။” ဒေါ်အောင်ဆန်းစုကြည်ထံက ကချင်ပြည်နယ်တိုးတက်ဖို့ ​ဆောင်ကြဉ်းပေးနိုင်မယ်လို့ သူအနေနဲ့ ယုံကြည်ကြောင်းနဲ့ “စစ်ဖြစ်နေတဲ့အကြား​ ​ကြားဝင်စေ့စပ်ပေးဖို့လည်း​ ​ပြောချင်တယ်။ ခုလို စစ်ဖြစ်နေတဲ့အတွက် ကျမတို့ ဒီနယ်မြေမှာ စီးပွားရေးအရရော အကုန်လုံးက ကျဆင်းနေပါတယ်။ အဲဒါကို ပြုပြင်ပေးစေချင်ပါတယ်” လို့ သူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့ မနောကွင်းမှာ ဟောပြောမှာပါ။

More News
Up