ရန်ကုန်- မန္တလေး လမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ လူ ငါးဦး ဒဏ်ရာရ (သတင်းတို)
DVB
·
February 22, 2012
ဒီနေ့ ညနေ ၄ နာရီက ရန်ကုန်- မန္တလေး ကားလမ်းမပေါ်မှာ တောင်မှ မြောက်ကို မောင်းနှင်လာတဲ့ လိုက်ထရပ်ကားတစီး ပလက်ဖောင်းခုံကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တဲ့အတွက် ၅ ဦး ဒဏ်ရာရခဲ့ပြီး ၂ ဦးမှာ စိုးရိမ်ရတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
ကားတိမ်းမှောက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့သလို အခြား ဟိုင်းလတ်ကားတစီးလည်း ရှေ့မှန်ကွဲပြီး ယာဉ်မောင်းမှာ ဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ ပြောပါတယ်။