A d v e r t i s e m e n t With Us

မြန်မာယူ ၂၂ ကိုအနိုင်ယူပြီး ဂျပန်တက္ကသိုလ်အသင်း ချန်ပီယံဆု ဆွတ်ခူး (ဓာတ်ပုံ)

KBZ Bank Cup အုပ်စုနောက်ဆုံးပွဲတွေကို ဇူလိုင် ၂ ရက်က ယှဉ်ပြိုင်ရာ ဂျပန်တက္ကသိုလ်လူငယ်အသင်းက မြန်မာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ မြန်မာယူ ၂၂ အသင်းဟာ အနိုင်ရမှ အုပ်စုပထမနဲ့ ချန်ပီယံဖြစ်မှာမို့ တိုက်စစ်အားပြုပြီး ပွဲထွက်ခဲ့ပေမယ့် ပထမပိုင်းမှာ အချိတ်အဆက် မမိခဲ့တာကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၄ မိနစ်မှာပဲ ဂျပန်အသင်းက ဦးဆောင်ဂိုး အရင်သွင်းခဲ့ပြီး ဒုတိယပိုင်းအစမှာ အောင်သူက ဖရီးကစ်ကနေ တိုက်ရိုက်ကန်ပြီး ချေပဂိုးရယူခဲ့ပါတယ်။ ဂျပန်တက္ကသိုလ်အသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ သွင်းယူသွားတာပါ။ မနေ့ကပဲ အစောပိုင်းကစားခဲ့တဲ့ ပွဲမှာတော့ ဟောင်ကောင် ယူ ၂၂ က ကမ္ဘောဒီးယား ယူ ၂၂ ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။ အုပ်စုပွဲတွေကစားအပြီးမှာ ဂျပန်တက္ကသိုလ်အသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်နဲ့ ပထမ၊ မြန်မာယူ ၂၂ က ၂ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၆ မှတ်နဲ့ ဒုတိယ၊ ဟောင်ကောင်ယူ ၂၂ က ၁ ပွဲနိုင် ၂ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ ကမ္ဘောဒီးယားက ၃ ပွဲကစား ၃ ပွဲရှုံး ရမှတ်မရဘဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားသမားဆုကို ဂျပန်တက္ကသိုလ်က ရှူတိုအဘဲက ရရှိခဲ့ပြီး ဂိုးသွင်းအများဆုံးဆုကိုတော့ ၄ ဂိုးသွင်းခဲ့တဲ့ အောင်သူက ရရှိခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်  

A d v e r t i s e m e n t With Us

More News
Up