Home
မြန်မာသတင်း
ရေးမြို့နယ်တွင် အမည်မသိအမျိုးသားလောင်း တွေ့ရှိ
DVB
·
July 2, 2017
မွန်ပြည်နယ် ရေးမြို့နယ်ကလော့ကျေးရွာအုပ်စု ဦးဖေအောင် ရာဘာခြံ အရှေ့လမ်းဘေး နေရာမှာ အမည်မသိအမျိုးသားတဦး သေဆုံးမှုဖြစ်ပွားသွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။ ရေးမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးစိုးမွန်က “ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သက်သေပါဝင်တဲ့ အဖွဲ့ဝင်တွေက ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခွဲလောက်က ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ အသက် ၃၀ ကျော်လောက်ရှိတဲ့ အမည်မသိ အမျိုးသားမှာ ပလက်အနေအထားနဲ့ သေဆုံးနေပြီး ခန္ဓာကိုယ်ပြင်ပဒဏ်ရာ မရ ရှိထားဘဲ သေဆုံးခဲ့တာကို တွေ့ရှိရတယ်”လို့ ပြောပါတယ်။ သေဆုံးသူကို မှုခင်းဆေးစာနဲ့အတူ ရေးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ထားခဲ့ပြီး သေဆုံးသူမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးပေးနိုင်ဖို့ ဒုရဲအုပ် အေးမြင့်မှ တိုင်တန်းမှုပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်ပြီး ရေးမြို့မရဲစခန်းမှ ဇူလိုင် ၁ ရက်နေ့ ည ၁၀ နာရီခွဲက ၂၆/၂၀၁၇ အရ သေခင်းသေခင်းအရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024