Home
မြန်မာသတင်း
ဂဟေပုံးအတွင်း မူးယစ်ဆေးဝါးဝှက်ပြီး သယ်လာသူများကို ဖမ်းဆီးရမိ
DVB
·
July 1, 2017
မုံရွာမြို့တွင် ဂဟေပုံးအတွင်း မူးယစ်ဆေးဝါးတွေ ခိုးဝှက်သယ်ဆောင်လာသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးသယ်ဆောင်လာတယ်လို့ ခိုင်လုံတဲ့ကြိုတင်သတင်းအရ တိုင်းမှုခင်း အကူဌာနစုမှ ရဲအုပ် ကျော်နိုင်ဦးခေါင်းဆောင်တဲ့ အဖွဲ့က အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာဗဟိုလမ်း မီးသတ်မျှော်စင်အနီး စောင့်ဆိုင်းနေစဉ် ဂဟေဆော်ရာမှာအသုံးပြုတဲ့ ဂဟေပုံးတွေတင်ဆောင်လာတဲ့ ဆိုင်ကယ် ၂ စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဂဟေပုံးအတွင်းသိုဝှက်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းယစ်ဆေးဝါးဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး စစ်ဆေးရာ သယ်ဆောင်လာသူတွေက သပိတ်ကျင်းမြို့နယ် ဝက်သေရွာမှ တိုးနိုင်(၄၃နှစ်)နှင့် သပိတ်ကျင်းမြို့နယ်၊ ၇မိုင်လမ်းဆုံမှ မျိုးအောင် (၄၇နှစ်)တို့ဖြစ်ပြီး မိုးမိတ်မြို့နယ်၊ ဘော်ဒေရွာမှ မလှရီဆိုသူက တစ်ဦးကို ငွေကျပ် ၁၅၀၀၀၀ နဲ့ စုစုပေါင်း ၃ သိန်းဖြင့် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ မီးသတ်မျှော်စင်အနီးကို ပို့ဆောင်စေခဲ့တာဖြစ်တယ်လို့ ရဲစစ်ဆေးချက်တွေအရသိရပါတယ်။ မူးယစ်ဆေးဝါးတွေက တိုးနိုင်စီးနင်းလာတဲ့ ဆိုင်ကယ်နောက် ဂဟေပုံးအတွင်းမှ love is flower စာတန်းပါ ဆပ်ပြာခွက်၃ခွက်အတွင်းက ဘိန်းဖြူလို့ယူဆရတဲ့ ဖြူဝါကြားအမှုန့်ထုပ် ၃ထုပ် စုစုပေါင်း ၃၃ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ် ၃၃ သိန်းခန့်နှင့် မျိုးအောင်စီးနင်းလာတဲ့ ဆိုင်ကယ်ရှေ့ ဒူးကြားက ဂဟေပုံးအတွင်းက ကမ္ဘာလုံးတံဆိပ် အပြာရောင်ပလပ်စတစ်နထုပ်ပိုးလျှက် wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ထုပ်ကို ၁၉၀ ပြားစီပါ ၁၀ထုပ် စုစုပေါင်း ၁၉၀၀ ပြား၊ ကာလတန်ဖိုး ၉၅သိန်းခန့်၊ ဖုန်း ၂လုံး၊ ငွေစက္ကူရောရာ ၁၀၉၀၀၀ ကျပ်တို့ကို ရှာဖွေ သိမ်းဆီးရမိခဲ့တာပါ။ မုံရွာမြို့မရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသယ်ဆောင်လာသူ တိုးနိုင်၊ မျိုးအောင် နဲ့ ပို့ဆောင်စေခိုင်းသူ မလှရီ ဆိုသူတို့ကို မူး/စိတ် ပုဒ်မ -၁၅/၁၉(က)၊ ၂၀(က)၊ ၂၁ တို့နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024