A d v e r t i s e m e n t With Us

မိတ္ထီလာတွင် ကားအောက်ဝင်အိပ်နေသူ ကားကြိတ်ခံရပြီး သေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အရှေ့ပြင်ရပ် ကန်သာယာ(ကန်ပတ်လမ်း) နန်းမြင့်မိုရ်ကုန်စည်ဒိုင်ရှေ့မှာ ဇွန် ၃၀ ရက် နေ့လယ် ၃ နာရီလောက်က ကားအောက်ဝင်အိပ်နေသူတဦး ကားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။ တာဝန်ကျရဲအရာရှိ ဒုရဲအုပ် အောင်သိုက်က “ခေါင်းကွဲကြေပြီး ဦးနှောက်တွေ ပွင့်ထွက် လာတယ်။ သေဆုံးသူက အသက် ၆၈ နှစ်ရှိပြီ။ ကျပန်း အလုပ်လုပ်တယ်၊ ကားကတော့ ဈေးပတ်ကားပါ။ ကုန်တင်လာပြီး ပြန်အထွက်မှာဖြစ်သွားတယ်။ ကားမောင်းတာ အောင်မျိုးထွန်း နတ်မောက်မြို့နယ် ချောက်ခွက်ရွာကပါ"'လို့ ပြောပါတယ်။ မိတ္ထီလာမြို့ အမှတ်၂ ရဲစခန်းမှာ အမှု အမှတ် ယာဉ်(ပ)၃၄/၂၀၁၇ နဲ့ အောင်မျိုးထွန်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)နဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up