DVB Logo
Home
မြန်မာသတင်း
အကြွေးပြန်ဆပ်ရန် မြန်မာကို ကမ္ဘာ့ဘဏ်သတိပေး
DVB
·
February 22, 2012
အကြွေးပြန်ဆပ်ရန် မြန်မာကို ကမ္ဘာ့ဘဏ်သတိပေး
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ယူထားတဲ့အကြွေးတွေ ပြန်ဆပ်ဖို့ ကမ္ဘာ့ဘဏ်က သတိပေး ပြောကြားလိုက်ပါတယ်။

အကြွေးတွေ ပြန်ဆပ်မှသာ  ကမ္ဘာ့ဘဏ်ရဲ့ ဘဏ္ဍာရေး အကူအညီ၊ အထောက်အပံ့၊ ချေးငွေအသစ်တွေ မြန်မာနိုင်ငံက ထပ်ရနိုင်မယ်လို့ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ကြွေးကျန်နိုင်ငံ ဘယ်နိုင်ငံကိုမဆို ရန်ပုံငွေထောက်ပံ့ခွင့် မရဘူးလို့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားပါတယ်။  ဒါကြောင့် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်ခံလိုက်ရစဉ်က  ကမ္ဘာ့ဘဏ်အနေနဲ့ ချေးငွေပေးလို့ မရခဲ့ကြောင်း ကမ္ဘာ့ဘဏ်  စီမံခန့်ခွဲမှု ဒါရိုက်တာ ဂျူအန် ဟိုဆေး ဒါဘောက်က အေဘီစီ သြစတြေးလျသတင်းဌာနမှာ ပြောကြားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ဆီမှာ အကြွေး ဘယ်လောက် တင်နေသလဲဆိုတာတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ပြုလုပ်ခဲ့တဲ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာတော့ မြန်မာနိုင်ငံမှာ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် (ဒေါ်လာ သန်းပေါင်း ၁သောင်း ၁ ထောင်ကျော်) ပေးဖိုး ရှိတယ်လို့ ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းက ထုတ်ဖော် ကြေညာခဲ့ပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင်က သန်းပေါင်း ၈,၄၀၀ ကျော်နဲ့ ၁၉၈၈ နောက်ပိုင်း ဒေါ်လာသန်းပေါင်း ၂,၆၀၀ ကျော် ဖြစ်ပါတယ်။ ၁၉၈၈ မတိုင်ခင် ယူထားတဲ့ အကြွေးတွေအနက် အများစုဟာ ဂျပန်နိုင်ငံကဖြစ်ပြီး ဒေါ်လာသန်းပေါင်း ၆,၃၀၀ ကျော်ရှိပါတယ်။ ၁၉၈၈ နောက်ပိုင်းယူခဲ့တဲ့ အကြွေးတွေအနက် အများစုဟာ  တရုတ်နိုင်ငံကဖြစ်ပြီး ဒေါ်လာသန်းပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။

ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲနေမှုတွေကို တွန်းအားပေးတဲ့အနေနဲ့  ၂၅ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ စီးပွားရေးဆိုင်ရာ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံမှာ ပြန်စတော့မယ်လို့ မကြာခင် ရက်ပိုင်းက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013