ဂျာမနီတွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုဖြစ် (ရုပ်သံ)
Published By
DVB | 30 June, 2017
673
0
Share
0
Comment
0
Likes
ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မှာ ဇွန်လ ၂၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုးမုန်တိုင်းတွေ ကျရောက်ခဲ့တာကြောင့် မြို့ရဲ့ နေရာတချို့မှာ ရေကြီးရေလျံမှု ဖြစ်ခဲ့ပါတယ်။
ရေကြီးရေလျံမှုကြောင့် ကားအသွားအလာတွေလည်း နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။
အခုသီတင်းပတ်ကုန်ထိ ဂျာမနီအရှေ့ပိုင်းဒေသတွေမှာ မုန်တိုင်းဆက်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။
ဂျာမနီမိုးလေဝသ ခန့်မှန်းချက်အရ ဇွန်လ ၂၃ ရက်နေ့က စတင်ခဲ့တဲ့ ပြင်းထန်တဲ့ မုန်တိုင်းကြောင့် မိုးသည်းထန်ခဲ့ပြီး လေတိုက်နှုန်းကလည်း တနာရီ ၇၅ မိုင်ထိ ရှိပါတယ်။
ဂျာမနီမြောက်ပိုင်းမှာ မုန်တိုင်းကြောင့် လူ ၂ ဦးသေဆုံးခဲ့ပြီး မီးရထားအသွားအလာလည်း ထိခိုက်ခဲ့ပါတယ်။