Home
မြန်မာသတင်း
တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးထန်ခိုဟောက် ကွယ်လွန်
Aung Ko Latt
·
June 30, 2017
တမူးမဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးထန်ခိုဟောက် အသည်းရောဂါနဲ့ မန္တလေးမှာ ဆေးကုသမှုခံယူရင်း ဇွန်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ကွယ်လွန်သွားပါတယ်။ ဒီနေ့ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ လွှတ်တော်အစည်းအဝေးအပြီးမှာတော့ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် ၁ မိနစ် မတ်တတ်ရပ်ရင်း ငြိမ်သက်ခဲ့ကြပါတယ်။ ဦးထန်ခိုဟောက် ကွယ်လွန်သွားတဲ့အတွက် လွှတ်တော်က ဝမ်းနည်းကြောင်း မှတ်တမ်းတင်ခဲ့ပြီး တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း ဖဲကြိုးနက်တွေ တပ်ဆင်ခဲ့ကြပါတယ်။ ဒီနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ ၁၀၀ ဦးရှိတဲ့အထဲက ၉၃ ဦး တက်ရောက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက မေးခွန်း ၁၁ ခု မေးမြန်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024