ပျံသန်း ဘိုးရင်း ၇၈၇ လေယာဉ်ကြီးနဲ့ ရေခိုးရေငွေ့တန်းကြီး (ရုပ်သံ)
Published By
DVB | 30 June, 2017
1K
0
Share
0
Comment
0
Likes
ရုရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ပေ ၃၃,၀၀၀ အမြင့်ကနေ ဘိုးရင်း ၇၈၇ ခရီးသည်တင် လေယာဉ်ကြီး ပျံသန်းချိန်မှာ လေယာဉ်ကနေ ထုတ်လွှတ်လိုက်တဲ့ အပူငွေ့နဲ့ လေအေးတို့ ရောပြီး ဖြစ်လာတဲ့ ရေခိုးရေငွေ့တန်းကြီးကို အနီးကပ်ရိုက်ထားတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။
ဒီရုပ်သံကို တခြားလေယာဉ်တစီးပေါ်က ရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။
ရုပ်သံကို ရိုက်ကူးခဲ့တဲ့လူက “ဒီငွေ့ရည်အခိုးအငွေ့ စွတ်ကြောင်းကြီးက နေအလင်းရောင်ကိုတောင် မှောင်သွားစေတယ်” လို့ အွန်လိုင်းပေါ်မှာ ရေးထားပါတယ်။
ဒီငွေ့ရည်ဖွဲ့စွတ်ကြောင်းက စိုစွတ်မှု မြင့်မားတာနဲ့အတူ လေအေးနဲ့ အင်ဂျင်စက်က ထုတ်လွှတ်လိုက်တဲ့ အပူတို့ ရောနှောပြီး ဖြစ်လာတဲ့ ရလဒ်လို့ သူက ဆက်ရှင်းပြထားပါတယ်။
ပြီးခဲ့တဲ့လကလည်း ငွေ့ရည်ဖွဲ့ အခိုးအငွေ့စွတ်ကြောင်းကြီး ဖြစ်ခဲ့ပြီး ဒီလို လေထုညစ်ညမ်းမှု ဖြစ်တာတွေက ညအိပ်ပျော်မှုကို အဟန့်အတားဖြစ်စေတာကြောင့် ဝေဖန်ခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လေထုညစ်ညမ်းမှု အဆင့်နိမ့်တဲ့နေရာတွေမှာ နေတဲ့လူတွေထက်စာရင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် ၆၀ ရာခိုင်နှုန်းအထိ တွေ့ရတဲ့ လေထုညစ်ညမ်းမှု ပိုမိုမြင့်မားတဲ့ နေရာတွေမှာ နေတဲ့လူတွေက အိပ်မပျော်တဲ့ဒဏ်ကို ပိုခံစားရတယ်လို့ သုတေသနပြုလုပ်မှုတွေအရ သိရပါတယ်။
သုတေသန လေ့လာဆန်းစစ်မှုမှာ လူပေါင်း ၁၈၆၃ ဦး ပါဝင်ခဲ့ပြီး လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းနဲ့ ပင်မနာ့ဗ်စနစ်တွေကို သက်ရောက်မှုဖြစ်စေကာ နောက်ဆုံးမှာ လူတွေ ဘယ်လောက်ကောင်းကောင်း အိပ်စက်နိုင်သလဲ ဆိုတာကိုပါ အကျိုးသက်ရောက်စေတယ်လို့ ဇွန်လ ၂၉ ရက်နေ့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။