Home
မြန်မာသတင်း
ဝမ်းတွင်းတွင် နွားချည်ကြိုးဖြင့်ချည်ပြီး မုဒိန်းကျင့်ရန် ကြံစည်သူကို အမှုဖွင့်
DVB
·
June 30, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရေတွင်းအုပ်စု ကုလားကာရွာမှာ ဇွန် ၂၉ ရက် ည ၇ နာရီက နွားချည်ကြိုးနဲ့ ချည်ပြီး မုဒိန်းကျင့်ဖို့ ကြံစည်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ မဇူးဇူးက ရွာမြောက်ဘက်ရှိတဲ့ သူများ ယာခင်းကို လက်ခစား ပေါင်းရှင်းတယ်။ အပြန်မှာ နွားကျောင်းနေတဲ့ ကျော်မင်းနိုင် လိုက်လာပြီး ‘စိတ်ဝင်စားနေတာ ကြာပြီ သားမယားအဖြစ် ဆက်ဆံချင်တယ် ငွေငါးထောင် ပေးမယ်’ ပြောပြီး တွန်းလှဲတယ်။ လက်နှစ်ဘက်ကို နွားချည်ကြိုးနဲ့ ချည်နေတုန်း မဇူးဇူးက aငွငါးထောင်ယူမယ် ကြိုးဖြေပေးပြောလို့ ကြိုးဖြည်နေဆဲ အားနဲ့တွန်းပြီး ထွက်ပြေးခဲ့ရတယ်ဆိုပြီး တိုင်တန်းထွက်ဆို ချက်ပေးတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ တာဝန်ကျရဲအရာရှိ ဒုရဲအုပ်ကြည်မင်းနိုင်က "'မဇူးဇူး မှာ ယောကျာ်းရှိတယ်။ ကလေးရှိ တယ်။ အိမ်ထောင်သည် တယောက်ပါ။ ဇွန်၂၄ ရက် မနက် ၁၁ နာရီ လောက်မှာ ဖြစ်ခဲ့တယ်။ ရွာလူကြီးဆီမှာ လူမှုရေးအရ ညှိတယ်။ မပြေလည်လို့ ဒီနေ့မှ အမှုလာဖွင့်တယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ ကျော်မင်းနိုင်ကို မုဒိန်းကျင်မှု/ကြံစည်မှု ရာဇသတ်ကြီး ပုဒ်မ-၃၇၆/၅၁၁ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024