A d v e r t i s e m e n t With Us

ဘန်ကောက်တွင် ဆယ်ကျော်သက်ကျောင်းသားများ အုပ်စုဖွဲ့ရိုက်နှက်၊ ၁ ဦးသေ ၅ ဦး ဒဏ်ရာရ

ဓာတ်ပုံ - မန်နေဂျာ
ထိုင်းနိုင်ငံ ဘန်ကောက်အနီး နွန်ထပူရီခရိုင်မှာ ဇွန်လ ၂၉ ရက် မနက် ၈ နာရီလောက်က ဆယ်ကျော်သက် ကျောင်းသားတွေ အုပ်စုဖွဲ့ ရိုက်နှက်ထိုးသတ်ကြတာကြောင့် ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ အဲဒီကျောင်းသားတွေဟာ ဘန်ဖလတ်နယ်မြေနဲ့ ဒူဆစ်နယ်မြေရှိ စက်မှုလက်မှု သက်မွေးသိပ္ပံကျောင်း ၂ ကျောင်းကဖြစ်ပြီး တဘက်ကို ဆယ်ဦးလောက်နဲ့ နွန်ထပူရီ မေဂျာကုန်တိုက် မျက်နှာချင်းဆိုင် ဈေးအရှေ့မှာ တုတ်ဓားတွေနဲ့ ရိုက်နှက်ခဲ့ကြတာလို့ နွန်ထပူရီ နယ်မြေရဲစခန်း တာဝန်ရှိ ရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။ မျက်မြင်သက်သေတွေ ပြောပြချက်အရ တဘက်ကျောင်းသားတွေက ဈေးရှေ့မှာရပ်နေပြီး တဘက်က ဆိုင်ကယ်မောင်းလာသူတွေကို လက်ယပ်ခေါ်ကာ စိမ်ခေါ်ခဲ့လို့ ဆိုင်ကယ်ပေါ်က ကလေးတွေ ပြန်လှည့်လာပြီး တုတ်တွေနဲ့ရိုက်၊ ဓားတွေနဲ့ ခုတ်ကြတာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက လူနာတင်ယာဉ်နဲ့အတူ ရောက်သွားတဲ့အခါ လူငယ်တဦးမှာ မေ့မျောနေပြီး တခြားလူငယ် ၅ ဦး သွေးသံရဲရဲနဲ့ ဒဏ်ရာကိုယ်စီရကြကြောင်း၊ သူတို့ထဲက လူငယ်တဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရဲအရာရှိက ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up