A d v e r t i s e m e n t With Us

အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းအခမ်းအနား ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

  မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစင်္ကြန်၊ အိန္ဒု- ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းပန္နက်ရိုက်အခမ်းအနားကို ဒီနေ့မနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ သာယာကုန်းကျေးရွာအနီး ဘားအံမြဝတီလမိးမကြီးမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီလမ်း အရှည် ၄၁ မိုင်ကျော်ရှည်ပြီး တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ CBRB က လုပ်ကိုင်ခွင့်ရထားတာပါ။ ဒီလမ်းပိုင်းက ကမ္ဘာ့ဘဏ်ချေးငွေနဲ့ တည်ဆောက်မှာဖြစ်ပြီး စီမံကိန်းနဲ့ မလွတ်တဲ့နေရာတွေက ပြည်သူတွေကို ပြည်ထောင်စုအစိုးရက လျော်ကြေးငွေပေးအပ်ရမှာဖြစ်ပြီး ဆောက်လုပ်ရေဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကို ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ အပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up