Home
မြန်မာသတင်း
ကရင်​လူမျိုးများဘဝ ဖွံ့ဖြိုးတိုးတက်​ရန် ​ကျောက်​မီး​သွေး လျှပ်​စစ်​ဓာတ်​အား​ပေးစက်​ရုံကို ကြိုဆို
DVB
·
June 29, 2017
ကရင်လူမျိုးတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မြှင့်တင်ပေးဖို့အတွက် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကြိုဆိုတယ်လို့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး မဟာမိတ်ဆက်ဆံရေးဌာနတာဝန်ခံ(ဗဟို) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မန်းငြိမ်းမောင်က ပြောပါတယ်။ ဇွန် ၂၈ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲမှာ ၎င်းက ပြောဆိုလိုက်တာပါ။ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီ မန်းငြိမ်းမောင် က “သဘာဝသံယဇာတအရင်းအမြစ်တွေ ကျနော်တို့ ကရင်ပြည်နယ်မှာ ရှိတယ်။ ဒေသမှာရှိတဲ့ လူတွေရဲ့ဘဝကို ပျက်စီးအောင်လုပ်ဖို့ မဖြစ်စေရဘူး။ အဲဒီဒေသမှာရှိတဲ့ လူတွေရဲ့ဘဝ အာမခံချက်နဲ့ ဘဝမြှင့်တင်ဖို့အတွက် အထောက်အကူဖြစ်အောင် လုပ်ပေးဖို့အတွက် ကရင်မှာလည်း ပေါ်လစီရှိတယ်။ ဒါကြောင့်မို့လို ကျနော်တို့ ပြည်နယ်တိုးတက်ဖို့အတွက် ကျနော်တို့က Welcome ဆိုတာ ပြောကြားချင်တယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်ရဲ့ လျှပ်စစ်လိုအပ်ချက်ကို TTCL ကုမ္ပဏီက USC နည်းပညာနဲ့ မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဘားအံမြို့ ဝတ်ကြီး၊ ထုံးတောင်၊ သုံးအိမ်ကျေးရွာတွေအနီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။ အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရယူနိုင်မည်ဖြစ်ကာ ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို ကရင်ပြည်နယ်အတွင်း ဖြန့်ဝေသုံးစွဲသွားမယ့်အပြင် ပိုလျှံဓာတ်အားတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024