A d v e r t i s e m e n t With Us

တရုတ်တက်ကြွလှုပ်ရှားသူ ပန်းချီဆရာ အိုင်ဝေဝေ၏ အနုပညာလက်ရာများ ဝါရှင်တန်တွင် ပြသ

ဓာတ်ပုံ - ဝါရှင်တန်ပို့စ်
တရုတ်တက်ကြွလှုပ်ရှားသူ ပန်းချီဆရာ အိုင်ဝေဝေရဲ့ ထရေ့စ် (Trace) လို့ နာမည်ပေးထားတဲ့ အနုပညာလက်ရာကို ဇွန်လ ၂၈ ရက်နေ့က ဝါရှင်တန်မှာရှိတဲ့ ဟာ့ရှ်ဟွန်း ပြတိုက်နဲ့ ပန်းပုဥယျာဉ်မှာ အများပြည်သူကို ပြသပါတယ်။ ပလတ်စတစ်လိုဂို ၁ ဒသမ ၂ သန်းနဲ့ လုပ်ထားတဲ့ အင်စတော်လေးရှင်း အနုပညာဟာ ကမ္ဘာတဝန်းမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို မြှင့်တင်ပေးနေသူတွေရဲ့ ပုံတူဓာတ်ပုံတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ “ကျမနောက်မှာရှိနေတာက ထရေ့စ် (Trace) လို့ခေါ်တဲ့ အနုပညာလက်ရာပါ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၁၇၆ ဦးရဲ့ ပုံတူပါ။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သတ်မှတ်ထားတဲ့လူတွေပေါ့။ ကျမအထင်တော့ သူ ဘာလို့ ဒီကြောင်းအရာကို ရွေးချယ်ရသလဲဆိုရင် သူကိုယ်တိုင်ကလည်း တရုတ်နိုင်ငံမှာ အဖမ်းခံခဲ့ရတယ်။ နိုင်ငံတွင်းကနေ ထွက်လို့မရဘူး။ ဒီတော့ သူဟာ နိုင်ငံ ၃၃ နိုင်ငံက တက်ကြွလှုပ်ရှားသူတွေနဲ့ အတူတူလို့ ကိုယ်တိုင်သတ်မှတ်လိုက်တာပါ" လို့ ပြတိုက်ရဲ့ ဒါရိုက်တာ မယ်လစ်ဆာချူးက ပြောပါတယ်။ ဆက်လက်ပြီး သူမက “ကျမအထင်တော့ အိုင်ဝေဝေဟာ လူသိများတဲ့သူပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အနုပညာလက်ရာကြောင့်တင်မကဘူး၊ သူ့ရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုကြောင့်ပါ။ ဒီပြပွဲကို လာကြည့်တဲ့သူတွေ ရသွားစေချင်တာက လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဟောပြောခွင့်ဆိုတာ အရေးကြီးတယ်ဆိုတဲ့ အိုင်ဒီယာပါ။ ဘာလို့လဲဆိုတော့ အိုင်ဝေဝေရဲ့ အနုပညာရော၊ နိုင်ငံရေးလှုပ်ရှားမှုတွေရော အားလုံးက အဲဒီကိစ္စကိုပဲ ရည်ရွယ်တာဖြစ်လို့ပါပဲ" လို့ ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up