A d v e r t i s e m e n t With Us

နယူးယောက်မြေအောက်ရထား လမ်းချော်မှုဖြစ်၊ ၃၄ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဇွန်လ ၂၇ ရက်နေ့က မြေအောက်ရထား လမ်းချော်မှုကြောင့် လူ ၃၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့တော်မီးသတ်ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ မန်ဟက်တန်အထက်ပိုင်း ဟာလမ်းဒေသအနီးမှာ ဖြစ်ခဲ့တဲ့ ဒီရထားလမ်းချော်မှုမှာ ခရီးသည်တွေအားလုံးကို ဘေးကင်းရာဆီ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေကြတာပါ။ မျက်မြင်တွေ့ရှိသူတွေကတော့ ဒီအဖြစ်အပျက်မှာ မီးခိုးတွေထွက်ခဲ့တာကို တွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။ လက်ရှိမှာတော့ မန်ဟက်တန်အထက်ပိုင်းနဲ့ မြောက်ပိုင်း ဘရွတ်ခ်လင်းဒေသဆီ ပြေးဆွဲနေတဲ့ ရထားလမ်းပိုင်းကို ပြုပြင်ဖို့ ခရီးစဉ်တွေကို ရပ်ဆိုင်းထားတာမျိုးတွေ လုပ်ထားခဲ့ပါတယ်။ နယူးယောက်မြို့တော် သယ်ယူပို့ဆောင်ရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ပုံမှန် ရုံးဖွင့်ရက် ၅ ရက်မှာ ရထားစီးနင်းသွားလာအသုံးပြုသူဦးရေ ၅ ဒသမ ၇ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up