မြင်းခြံမြို့တွင် ဆိုင်ကယ် ၁၃ စီး ခိုးသူ ၂ ဦးအား ဖမ်းဆီး
DVB
·
June 28, 2017
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဇွန်လ ၂၆ ရက် မနက် ၄ နာရီအချိန်က ဆိုင်ကယ် ၁၃ စီး ခိုးယူထားတဲ့ လူ ၂ ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံမြို့မရဲစခန်းက ပြောပါတယ်။
မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်၊ မြင်းခြံ-မိတ္ထီလာ ကားလမ်းမကြီးပေါ်မှာ အမှတ် (၁) တိုးချဲ့ရပ်ကွက်နေ ကိုစိုးထွန်း (ခ) ဘာလီ (၃၈-နှစ်)၊ မြင်းခြံမြို့နယ် ဆင်းဂွတ်ကျေးရွာနေ ကိုမျိုးလှိုင်(ခ) မျိုးကြီး (၃၂-နှစ်) တို့ကို စစ်ဆေးရာမှ ဖော်ထုတ်နိုင်ခဲ့တာပါ။
တရားခံနှစ်ဦးကို မြင်းခြံ မြို့မရဲစခန်းမှ ဒုရဲအုပ်နိုင်ဝင်းထွန်းက တရားလို ပြုလုပ်ပြီး (ပ) ၂၄၇/၂၀၁၇၊ ရာဇတ်သတ်ကြီးပုဒ်မ ၃၈၀/ကျင့်-၅၄ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ မြို့မရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။
၃ ပတ်အတွင်း ခိုးခံထားရတဲ့ ဆိုင်ကယ်အစီးရေ ၃၂ စီးကို ဖော်ထုတ် ဖမ်းဆီးမိခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း - ရီရီထွန်း