ခရစ္စတယ်ပဲလေ့စ် နည်းပြချုပ်အဖြစ် ဖရန့်ဒီဘိုးဝါးကို ခန့်အပ်

536
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဟော်လန်နည်းပြ ဖရန့်ဒီဘိုးဝါးကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
အေဂျက်ဇ်နဲ့ အင်တာမီလန်နည်းပြဟောင်း ဒီဘိုးဝါးကို ခရစ္စတယ်ပဲလေ့စ်အသင်းက ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တနှစ်လုပ်ခ ပေါင် ၂ ဒသမ ၅ သန်း ပေးချမှာဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ်နဲ့ လမ်းခွဲထားတာပါ။
ဟော်လန်နည်းပြ ဒီဘိုးဝါးကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်တာကြောင့် အသင်းသမိုင်းတလျှောက် ပထမဆုံး နိုင်ငံခြားသားနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ပဲလေ့စ်အသင်းမှာ နည်းပြခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိပြီး နည်းပြ ဗန်ဟားလ်နဲ့လည်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ ဖရန့်ဒီဘိုးဝါးက စာချုပ်ချုပ်ဆိုအပြီးမှာ ပြောပါတယ်။
ဟော်လန်လက်ရွေးစင်ဟောင်း ဒီဘိုးဝါးဟာ ၂၀၀၇ ခုနှစ်မှာ အေဂျက်ဇ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပေမယ့် အောင်မြင်မှုမရတာကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။