DVB Logo
Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဆဲကာလ ရှမ်း​နှင့်​ ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများ​ ဖြစ်ပွား
DVB
·
February 20, 2012
Donate to DVB

အစိုး​ရနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်တပ်ဖွဲ့​တွေကြား​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီမှု​တွေ ရခဲ့​ပြီး​လို့​ မကြာ​သေး​ခင်မှာပဲ တဘက်နဲ့​တဘက် ပစ်ခတ်မှု​တွေ ပြန် ဖြစ်​နေပါတယ်။

အစိုး​ရနဲ့​ အပစ်အခတ်ရပ်​ရေး​ သ​ဘောတူညီမှု လက်မှတ်​ရေး​ထိုး​ထား​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​အဖွဲ့​၊​ ဒီ​ကေဘီ​အေ (တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော်)က တပ်ဖွဲ့​တွေနဲ့​ နယ်​မြေခံအစိုး​ရတပ်၊​ နယ်ခြား​စောင့်​ တပ်​တွေနဲ့​ ဖြစ်ပွား​ခဲ့​တာပါ။

ရှမ်း​ပြည်နယ် ​ကျောက်မဲမြို့​နယ်ထဲမှာ ဒီလ ၁၇ ရက်​နေ့​ မနက်မှာ အစိုး​ရတပ် ခလရ ၂၃ က ရှမ်း​ပြည်တပ်မ​တော် (​တောင်ပိုင်း​)က တပ်မှူး​တ​ယောက်နဲ့​ ဇနီး​ဖြစ်သူတို့​ကို ပစ်ခတ်လို့​ နှစ်ဦး​စလုံး​ ​သေဆုံး​ခဲ့​တယ်လို့​ ​ပြောခွင့်​ရသူ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

“အပစ်အခတ်ရပ်စဲ​ရေး​ကို ယုံပြီး​တော့​ ကျ​နော်တို့​ တပ်မှူး​တ​ယောက် ​ဈေး​ဝယ်ပြီး​ ပြန်လာတာ။ အစိုး​ရတပ်နဲ့​တွေ့​တော့​ အပစ်ခံရတာ သူ့​မိန်း​မကိုလည်း​ ပစ်သတ်တယ်။ သူ့​ဆီမှာ ပါလာတဲ့​ ​ရွှေ​တွေ၊​ ​ငွေ​တွေလည်း​ ယူသွား​တယ်။ ​သေနတ်တလက်လည်း​ သိမ်း​ယူသွား​တယ်။”

၁၉ ရက်​နေ့​မှာ အစိုး​ရတပ်​တွေနဲ့​ ​ကျောက်မဲမြို့​နယ် ပုံဝိုး​ကျေး​ရွာအုပ်စု ဝမ့်​ဟန်ဖိုက်ရွာနား​မှာ တကြိမ်၊​ ရှမ်း​ပြည်အ​ရှေ့​ပိုင်း​ မိုင်း​ပြင်း​မြို့​နယ် မိုင်း​ဟိုင်း​တိုက်နယ်ဘက်မှာ တကြိမ် တိုက်ပွဲဖြစ်ပွား​ခဲ့​ပြီး​ ဒီတိုက်ပွဲ​တွေဟာ အစိုး​ရတပ်ဘက်က သ​ဘောတူညီချက်ကို မလိုက်နာဘဲ နယ်​မြေ​ကျော်လို့​ ဖြစ်တာလို့​ အက်စ်အက်စ်​အေက ​ပြောပါတယ်။

ဒီကိစ္စကို အစိုး​ရ ငြိမ်း​ချမ်း​ရေး​ အကျိုး​တော်​ဆောင်​တွေဆီကို ဒီ​နေ့​ စာ​ရေး​မေး​မြန်း​ထား​တယ်လို့​ သူက ​ပြောပါတယ်။

“အပစ်အခတ်ရပ်စဲ​ရေး​ကို ယုံကြည်ပြီး​တော့​ သ​ဘောတူညီထား​တဲ့​အတိုင်း​ ​ကျေး​လက်​ဒေသ​တွေမှာ ကျ​နော်တို့​နေကြတယ်။ မြို့​ထဲကိုလည်း​ ကျ​နော်တို့​ မသွား​ဘူး​။ ဒါ​ပေမယ့်​ မလိုအပ်တဲ့​ ပြဿနာ​တွေ ခုတ​လောမှာ နယ်​မြေရှင်း​လင်း​ရေး​ဆိုပြီး​တော့​ အစိုး​ရတပ်​တွေက ​ဒေသတဝိုက်ထဲ လာပြီး​ လှုပ်ရှား​နေတယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​နဲ့​ ​တွေ့​တိုင်း​ ပြဿနာ ဖြစ်ရတယ်။”

ကျောက်မဲမြို့​နယ်ထဲက တိုက်ပွဲ​ကြောင့်​ အစိုး​ရတပ်​ချောကား​ပေါ်က ကား​စပယ်ယာ ပုံဝိုး​ရွာက ရွာသား​တဦး​ ​သေဆုံး​ခဲ့​ပြီး​ အပစ်ခံရသူ ရှမ်း​ပြည်တပ်မ​တော် တပ်မှူး​နဲ့​ ဇနီး​သည်တို့​ရဲ့​ ၅ နှစ်အရွယ် က​လေး​ငယ်တဦး​ မိဘမဲ့​ ဖြစ်သွား​ခဲ့​ရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ရှမ်း​ပြည်တပ်မ​တော် (​တောင်ပိုင်း​) နဲ့​ အစိုး​ရတပ်အကြား​ ဇန်နဝါရီ လလယ်ပိုင်း​က နှစ်ဖက် အပစ်အခတ်ရပ်ဖို့​ သ​ဘောတူခဲ့​ပြီး​ တိုက်ပွဲ​တွေ ဖြစ်​နေတာပါ။

ကရင်ပြည်နယ်ဘက်မှာ​တော့​ အပစ်အခတ်ရပ်ဖို့​ သ​ဘောတူထား​ကြတဲ့​ ဒီ​ကေဘီ​အေနဲ့​ အစိုး​ရဘက်က နယ်ခြား​စောင့်​တပ်အကြား​ လှိုင်း​ဘွဲ့​မြို့​နယ် မြိုင်ကြီး​ငူ​ဒေသမှာ မ​နေ့​က ည​နေပိုင်း​နဲ့​ ဒီ​နေ့​ ​နေ့​လည်မှာ တိုက်ပွဲဖြစ်ပါတယ်။

အဓိကက​တော့​ ဒီ​ကေဘီ​အေရဲ့​ စခန်း​ငါး​ခုက လက်နက်​တွေကို နယ်ခြား​စောင့်​တပ်က ဝင်​ရောက်သိမ်း​ပိုက်တဲ့​အတွက် ဒါကို မ​ကျေနပ်လို့​ နယ်ခြား​စောင့်​တပ်ရဲ့​ လက်နက်သယ်တဲ့​ယာဉ်တန်း​ကို ဒီ​ကေဘီ​အေက ​စောင့်​ပစ်တာ အစိုး​ရဘက်က ၂ ဦး​ ​သေဆုံး​ပြီး​ ၃ ဦး​ဒဏ်ရာရသွား​တယ်လို့​ ဒီ​ကေဘီ​အေ ​ပြောခွင့်​ရ ဗိုလ်မှူး​စန်း​အောင်က ​ပြောပါတယ်။

ဒီ​နေ့​ မွန်း​တည့်​မှာ မြိုင်ကြီး​ငူဘုန်း​ကြီး​ကျောင်း​အနား​မှာ စခန်း​ချတဲ့​ ဒီ​ကေဘီ​အေတပ်ဖွဲ့​ကို နယ်ခြား​စောင့်​တပ်က စနိုက်ပါနဲ့​ဝင်ပစ်သွား​လို့​ အရာရှိတဦး​ ထိခိုက်ဒဏ်ရာရတယ်လို့​ ဒီ​ကေဘီ​အေ ဗိုလ်မှူး​စန်း​အောင်က ​ပြောပါတယ်။

နယ်ခြား​စောင့်​တပ်က သိမ်း​ယူသွား​တဲ့​ လက်နက်​တွေကို မြဝတီ ဆက်ဆံ​ရေး​ရုံး​က​နေ တဆင့်​ ပြန်​တောင်း​မှာဖြစ်ပြီး​ ရက်ပိုင်း​အတွင်း​ ပြန်မရရင် တိုက်ယူမယ်လို့​ သူက ​ပြောပါတယ်။

အပစ်အခတ်ရပ်ကြပြီး​မှ တိုက်ပွဲ​တွေ ပြန်ဖြစ်ရတဲ့​အ​ပေါ် ဒီ​ကေဘီ​အေ ​ပြောခွင့်​ရ ပြည်ပဆက်ဆံ​ရေး​တာဝန်ခံ ဗိုလ်မှူး​ ​စောလုံ့​လုံက ခုလို​ပြောပါတယ်။

“ငြိမ်း​ချမ်း​ရေး​ လုပ်တယ်ဆိုတာက တတိုင်း​ပြည်လုံး​ ငြိမ်း​ချမ်း​တဲ့​ပုံစံ ဖြစ်ချင်တယ်။ အဲဒီ​တော့​ ဒီလိုမျိုး​ပုံစံ​တွေမှာ ကျ​နော်တို့​ ညီညွတ်ချင်တယ်။ ဘာအ​နှောင့်​အယှက်မှ မရှိဘဲ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ လမ်း​ကြောင်း​ ​လျှောက်ချင်တယ်။ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​ကို ကျ​နော်တို့​ အား​ပေး​ချင်တယ်။ ဖြစ်တာ​ကောင်း​တာ​ပေါ့​။ ဖြစ်ဖို့​က​တော့​ သက်ဆိုင်ရာ အာဏာပိုင် အဓိကက​တော့​ နိုင်ငံ​တော်က ဒီကိစ္စကို မဖြစ်သင့်​တာ မဖြစ်ရ​အောင် ထိန်း​ထိန်း​သိမ်း​သိမ်း​နဲ့​ လုပ်​ဆောင်သင့်​တယ်။”

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013