ကွမ်းစိုက်ပျိုးရန် ရေမြောင်း၊ ချုံပုတ်တွေရှင်းရာမှ ကျည်ဆန်အဟောင်းများ တွေ့ရှိ
Aung Ko Latt
·
June 27, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်၊ ဦးကျော်လွင် ပိုင်ဆိုင်တဲ့ ယာခင်းအတွင်း ဇွန်လ ၂၆ ရက်ညက ကွမ်းစိုက်ပျိုးရန် ရှင်းလင်းရာကနေ ကျည်ဆန်အဟောင်းတွေကို တွေ့ရှိခဲ့ပါတယ်။
သတင်းအရ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ရဲအောင် ခေါင်းဆောင်တဲ့အဖွဲ့က သွားရောက်စစ်ဆေးရာ ယာခင်းရှင်က ကျည်ဆန်ခွံတွေကို မြေသား ၁ ပေခန့် ပြန်လည်ဖုံးအုပ်ထားတဲ့အတွက် သက်သေတွေနဲ့အတူ တူးဖော်ရာ ပွိုင့် ၃၀၃ အမျိုးအစား ကျည်ဆန်အဟောင်း ၂၇၂ တောင့်ကို တွေ့ရှိခဲ့တာပါ။
ရရှိလာတဲ့ ကျည်ဆန်အဟောင်းတွေကို အမှတ် ၅၀၈ တပ်ထံ သွားရောက်လွှဲပြောင်း အပ်နှံခဲ့တယ်လို့ မုံရွာနယ်မြေရဲစခန်းသတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကလည်း မုံရွာနယ်မြေရဲစခန်းအပိုင်အတွင်းမှာပဲ အိမ်ဝင်းရှင်းရာက ကျည်ဆန်အဟောင်းတွေ များစွာတွေ့ရှိခဲ့ပါသေးတယ်။