အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် ကုန်တင်ရေယာဉ် ၆ စီး ပေးအပ်
DVB
·
June 26, 2017
စစ်တွေနဲ့ ပလက်ဝ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ကုန်တင်ရေယာဉ် ၆ စီးကို အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် ဒီကနေ့ ပေးအပ်လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဗီခရမ်မစ္စရီက မြန်မာ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ထံသို့ ရေယာဉ်တွေကို ဇွန်လ ၂၆ ရက်နေ့က စစ်တွေမြို့မှာ အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့တာပါ။
မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံ အစိုးရတွေ လက်မှတ်ထိုးထားတဲ့ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းသဘောတူညီချက်အရ ပေးအပ်လိုက်တာလို့ အိန္ဒိယသံရုံးက ထုတ်ပြန် ကြေညာပါတယ်။
ပေးအပ်လိုက်တဲ့ အထွေထွေကုန်တင် ရေယာဉ်တွေဟာ ကုလားတန် အမှတ် ၁ မှ ၆ အထိ ရေယာဉ် ၆ စင်းဖြစ်ပြီး အလေးချိန် တန် ၃၀၀ ကျော် တင်နိုင်စွမ်းရှိကာ စုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၂၉ သန်း (မြန်မာကျပ်ငွေ ၁၀ ဒသမ ၅ ဘီလျံ) ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- အိန္ဒိယသံရုံး