မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပန်းချီ၊ ကာတွန်း၊ ပိုစတာဆုများ ချီးမြှင့် (ဓာတ်ပုံ)
သူဇာလင်း
·
June 26, 2017
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ထိမ်းအမှတ်အနေနဲ့ ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ် ပြတိုက်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါဆုချီးမြှင့်ပွဲမှာ ဗဟိုအဆင့်နဲ့တိုင်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနဲ့ ကွန်ပျုတာပန်းချီပြိုင်ပွဲတွေမှာ ဆုရရှိခဲ့တဲ့ ကျောင်းသူ ကျောင်းသား အယောက် ၇၈ ယောက်ကို ဆုပေါင်း ၁၃၀ ဆု ချီးမြှင့်ခဲ့ပါတယ်။