A d v e r t i s e m e n t With Us

တိုင္ရီ အလုပ္သမား​မ်ား​ ဆက္လက္ဆနၵျပ

တိုင်​ရီ​ ​စက်​ရ့​ု​ေရှ္ ​ြမင်​ကွင်း​
ရန်ကုန် လှိုင်သာယာစက်မှုဇုန်က တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား​ ၁၀၀၀ ​ကျော်ဟာ လစာတိုး​မြင့်​ရရှိ​ရေး​အတွက် ဒီက​နေ့​ ဆက်လက်ဆန္ဒပြ​နေ ကြပါတယ်။ [caption id="attachment_21450" align="alignleft" width="300" caption="တိုင်ရီ စက်ရုံရှေ့​ မြင်ကွင်း​"][/caption] အလုပ်သမား​တွေကို သွား​ကူညီ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုကူညီ​ရေး​ကွန်ရက်အဖွဲ့​ရဲ့​ ကို​အောင်​ဇော်​ထွေး​က စက်ရုံ​ရှေ့​က အ​ခြေအ​နေကို ခုလို ​ပြောပါတယ်။ “အခုအ​ခြေအ​နေက​တော့​ ၂ ပိုင်း​ပေါ့​ဗျာ။ သူတို့​ရဲ့​ ​တောင်း​ဆိုချက် မရမချင်း​ ဆန္ဒပြ​နေတာက တပိုင်း​၊​ အခု စက်ရုံ​ရှေ့​မှာ အလုပ်သမား​ ၁၄၀၀ ​ကျော်​လောက် ထိုင်ပြီး​ ဆန္ဒပြ​နေတယ် ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပဲ။ ကိုဖိုး​ဖြူတို့​က သူတို့​ဘာသာ ဥပ​ဒေ​ကြောင်း​အရ တရား​စွဲနိုင်ဖို့​ သွား​နေတဲ့​ အပိုင်း​ရှိတယ်။ ဒီ​နေ့​ဆိုရင် ​ဖေ​ဖော်ဝါရီ ၂၀ ထိ ​ရောက်လာပြီ။ သတင်း​ဂျာနယ်တချို့​က ပြီး​သွား​ပြီဆိုပြီး​ မှား​ရေး​တဲ့​အ​ပေါ်မှာလည်း​ အလုပ်သမား​ထုအ​နေနဲ့​ စိတ်ထဲမှာ အ​တော်​လေး​ မချမ်း​မြေ့​ဖြစ်​နေတယ်။ အလုပ်သမား​တွေက ငြိမ်း​ချမ်း​စွာ ​ဖေ​ဖော်ဝါရီလ ၆ ရက်​နေ့​ကစပြီး​တော့​ ဆန္ဒပြ​နေတဲ့​ ကိစ္စဟာ ဒီ​နေ့​ထိ မပြီး​ဆုံး​သေး​ပါဘူး​။ အာဏာပိုင်​တွေဘက်ကလည်း​ အလုပ်သမား​တွေ ​တောင်း​ဆိုတာ​တွေကို တိတိကျကျ မလိုက်​လျော​သေး​တဲ့​အတွက် ဒီ​နေ့​ချိန်ထိ ဖြစ်ပွား​နေဆဲပါ။ ဒါကို သတင်း​ဂျာနယ်​တွေက သတင်း​မှား​ရေး​ပြီး​ ​ပြေလည်သွား​ပါပြီ၊​ လက်ခံလိုက်ပါပြီဆိုပြီး​တော့​ ​ရေး​တာနဲ့​ ပတ်သက်ပြီး​တော့​ အလုပ်သမား​တွေက ကန့်​ကွက် ရှုတ်ချပါတယ်။” ဒီလ ၆ ရက်​နေ့​ကစတဲ့​ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုဟာ အဓိကအား​ဖြင့်​ တနာရီလုပ်အား​ခ ၇၅ ကျပ်က​နေ ၁၅၀ ထိရဖို့​နဲ့​ ရက်မှန်​ကြေး​ တလ ၆၀၀၀ က​နေ ၈၀၀၀ ကျပ်ကို တိုး​ပေး​ဖို့​ နှစ်ချက်က အဓိကပဲဖြစ်ပါတယ်။ ဒီလ ၁၅ ရက်​နေ့​ကျ​တော့​ အလုပ်ရှင်ဘက်က တနာရီလုပ်ခကို ၇၅ ကျပ်က​နေ ကျပ် ၁၀၀ ကိုတိုး​ပေး​ပါတယ်။ အလုပ်ရှင်ရဲ့​ လိုက်​လျောချက်ဟာ သူတို့​လိုလား​ချက်နဲ့​ ကွာဟ​နေတာ​ကြောင့်​ အလုပ်သမား​တွေက ဆက်လက် ဆန္ဒပြ​နေတာပါ။ ဒီလ ၁၈ ရက်မှာ​တော့​ မရမ်း​ကုန်း​မြို့​နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု​ကော်မတီက တိုင်ရီဖိနပ်စက်ရုံရဲ့​ ပြဿနာကို လှိုင်သာယာမြို့​နယ် အလုပ်သမား​ရုံး​မှာ တင်သွင်း​ခွင့်​ပြုခဲ့​ပါတယ်။ ဒါ​ကြောင့်​ ဒီ​နေ့​မှာ လှိုင်သာယာ အလုပ်သမား​ရုံး​ကို အလုပ်သမား​ ၄၀ ခန့်​နဲ့​ ဥပ​ဒေအကြံ​ပေး​ ​ရှေ့​နေ ဦး​ဖိုး​ဖြူတို့​ သွား​ရောက်ခဲ့​ကြပါတယ်။ လိုက်ပါသွား​တဲ့​ အလုပ်သမား​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ မ​ဝေက အလုပ်သမား​တွေရဲ့​ လိုလား​ချက်ကို ပြည့်​ပြည့်​ဝဝ တင်သွင်း​နိုင်ဖို့​အတွက် လာမယ့်​ ၂၂ ရက်​နေ့​ကို ​ပြောင်း​လဲရက်ချိန်း​ပေး​ဖို့​ ​လျှောက်ထား​ခဲ့​တယ်လို့​ ဆိုပါတယ်။ “အခု ရုံး​သွား​တာ​ပေါ့​နော်။ ဝါဏိဇ္ဇကို အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုမှု တင်လွှာ​ပေါ့​။ အခုအချိန်မှာ အလုပ်သမား​တွေရဲ့​ ဆန္ဒကို အား​လုံး​ ညှိနှိုင်း​မှာ ဖြစ်တဲ့​အတွက် ​ရွှေ့​ဆိုင်း​မှုကို ​တောင်း​ဆိုတာပါ။ ၂၂ ရက်ကို ​ရွှေ့​ဖို့​တောင်း​ဆို ထား​ပါတယ်။” အလုပ်သမား​ခေါင်း​ဆောင်တဦး​က အလုပ်သမား​ဆန္ဒပြပွဲဟာ မြန်မာပြည်မှာ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​ကို ကာကွယ်​ပေး​မယ့်​ ဥပ​ဒေ ခိုင်ခိုင်မာမာ မရှိလို့​ ဖြစ်ရတာပါလို့​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up