ကိုလံဘီယာနိုင်ငံ ကန်ဒီနာမာကာခရိုင်က ကူကူနူဘာ စည်ပင်ဒေသမှာ မြေအောက် ကျောက်မီးသွေးတွင်းထဲ မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်လို့ တွင်းသား အနည်းဆုံး ၈ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး ၅ ဦးလောက် ပျောက်ဆုံးနေတယ်လို့ အမျိုးသား သတ္တုတွင်းအေဂျင်စီက ဇွန်လ ၂၄ ရက်နေ့မှာ တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။
တရားမဝင် မြေအောက် ကျောက်မီးသွေးတူးဖော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ဒေသအတွင်း ဇွန်လ ၂၃ ရက်နေ့က ပေါက်ကွမှု ဖြစ်ခဲ့တာပါ။
ခုလို မတော်တဆမှုတွေဟာ ဒီဒေသမှာ ဖြစ်တောင့်ဖြစ်ခဲတော့ မဟုတ်ပါဘူး။
တောင်ထူထပ်တဲ့ ကိုလံဘီယာနိုင်ငံဟာ ကမ္ဘာ့ ၅ ခုမြောက် အကြီးဆုံး ကျောက်မီးသွေးတင်ပို့တဲ့နိုင်ငံ ဖြစ်ပါတယ်။
တရားဝင် ကျောက်မီးသွေးတူးဖော်မှုကို ကုမ္ပဏီကြီး ၃ ခုက ထိန်းချုပ် လွှမ်းမိုးထားပါတယ်။