DVB Logo
Home
မြန်မာသတင်း
ချင်း​အမျိုး​သား​နေ့​ အစား​ ပြည်နယ်​နေ့​အဖြစ်သာ ကျင်း​ပခွင့်​ရ
DVB
·
February 20, 2012
ချင်း​အမျိုး​သား​နေ့​ အစား​ ပြည်နယ်​နေ့​အဖြစ်သာ ကျင်း​ပခွင့်​ရ
Donate to DVB

ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့​ဟာ ချင်း​အမျိုး​သား​နေ့​ ဖြစ်တဲ့​အတွက် “ချင်း​အမျိုး​သား​နေ့​” အဖြစ် မူလ နာမည်ရင်း​အတိုင်း​ လွတ်လပ်စွာ တရား​ဝင်ကျင်း​ပခွင့်​ရ​ရေး​ ကြိုး​ပမ်း​သွား​မယ်လို့​ ချင်း​အမျိုး​သား​ပါတီ (စီအန်ပီ) က သ​ဘောထား​ ထုတ်ပြန်လိုက်ပါတယ်။

ဒီ​နေ့​ထုတ် ချင်း​အမျိုး​သား​ပါတီရဲ့​ ထုတ်ပြန်ချက်မှာ ၁၉၅၁ ​ဖေ​ဖော်ဝါရီလ ၂၀ ရက်​နေ့​ကစပြီး​ ချင်း​အမျိုး​သား​နေ့​ကိုက ကျင်း​ပလာခဲ့​တာဖြစ်ပြီး​ အခုအခါ ချင်း​ပြည်နယ်​နေ့​ အဖြစ်သာ ကျင်း​ပခွင့်​ပြု​နေတဲ့​ အ​ကြောင်း​နဲ့​ ဒီလုပ်​ဆောင်ချက်ဟာ ချင်း​လူမျိုး​တွေ စုစည်း​ညီညွတ်တာကို မလိုလား​ခြင်း​နဲ့​ ချင်း​လူမျိုး​တွေကို လူမျိုး​/အမျိုး​သား​ တရပ်အဖြစ် အသိအမှတ်မပြုလိုခြင်း​နဲ့​ ဒီမိုက​ရေစီကို ဆန့်​ကျင်ခြင်း​ဖြစ်တယ်လို့​ ပါရှိပါတယ်။

ချင်း​အမျိုး​သား​နေ့​ ကျင်း​ပလို့​ မရတဲ့​အ​ပေါ် ချင်း​အမျိုး​သား​ပါတီ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဆလိုင်း​ Ceu Bik Htawng က “တရား​ဝင် ကျင်း​ပခွင့်​ကို​တော့​ အစိုး​ရက ဟား​ခါး​မှာဆိုရင် ချင်း​ပြည်နယ် ​နေ့​လို့​ပဲ သူတို့​က ကျင်း​ပခွင့်​ ​ပေး​တယ်​ပေါ့​လေ။ ချင်း​အမျိုး​သား​နေ့​လို့​တော့​ ကျင်း​ပခွင့်​ မ​ပေး​ဘူး​ပေါ့​။ ချင်း​အမျိုး​သား​ပါတီက လွှတ်​တော်ကိုယ်စား​လှယ်​တွေ သီး​သန့်​စာတင်ပြီး​တော့​ ချင်း​အမျိုး​သား​နေ့​လို့​ပဲ တရား​ဝင် ကျင်း​ပခွင့်​ပေး​ပါရန်ဆိုပြီး​ အစိုး​ရဆီ ပို့​ထား​တာ​တော့​ ရှိတယ်။ ဒါ​ပေမယ့်​ ဘာမှ​တော့​ တုံ့​ပြန်မလာ​သေး​ပါဘူး​။ ပြည်နယ်ဝန်ကြီး​ချုပ် ဦး​ဟုန်း​ငိုင်း​က ချင်း​ပြည်နယ်​နေ့​ကို တရား​ဝင် ကျင်း​ပဖို့​ပေါ့​နော်။ ချင်း​အမျိုး​သား​နေ့​ ကျင်း​ပဖို့​က သူ့​အ​နေနဲ့​ မပြီး​ဘူး​ပေါ့​။ သူက​တော့​ သူ့​အ​နေနဲ့​ ချင်း​အမျိုး​သား​နေ့​ကို တား​ဆီး​ပိတ်ပင်တာ မဟုတ်ဘူး​လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ကျ​နော်က​တော့​ ​ဖေ​ဖော်ဝါရီ ၂၀ ချင်း​ပြည်နယ်​နေ့​ကို ကျင်း​ပမယ်။ အဲ့​လိုမကျင်း​ပရင် တာဝန်အရ အ​ရေး​ယူမယ်​တော့​ ​ပြောတာ​ပေါ့​။”

၁၉၇၄ အ​ခြေခံ ဥပ​ဒေမှာ ဇန်နဝါရီ ၃ ရက်​နေ့​ကို ချင်း​ပြည်နယ်​နေ့​ အဖြစ် သတ်မှတ်ထား​တာ​ကြောင့်​ ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့​မှာ ချင်း​အမျိုး​သား​နေ့​အဖြစ် ကျင်း​ပခွင့်​ရ​အောင် ကြိုး​ပမ်း​သွား​မယ်လို့​ ချင်း​အမျိုး​သား​ပါတီ (စီအန်ပီ)က ​ပြောပါတယ်။

စီအန်ပီ က ဒီက​နေ့​ ထုတ်​ဝေလိုက်တဲ့​ ထုတ်ပြန်ချက်မှာလည်း​ ချင်း​လူမျိုး​နဲ့​ ခရစ်ယာန်ဖြစ်တဲ့​အတွက် အစိုး​ရဝန်ထမ်း​ ရာထူး​တိုး​မြင့်​ဖို့​ ခက်ခဲတဲ့​ ဒီမိုက​ရေစီမဆန်တဲ့​ လုပ်ရပ်များ​ကိုလည်း​ အမြန်ဆုံး​ ဖယ်ရှား​ပေး​ဖို့​ ​တောင်း​ဆိုထား​ပါတယ်။

ဒါ့​အပြင် ချင်း​ပြည်နယ် ​မြောက်ပိုင်း​နယ်စပ်​ဒေသမှာ ဧက​ပေါင်း​များ​စွာ ဘိန်း​စိုက်ပျိုး​ ​ရောင်း​ချ​နေတာ​တွေကိုလည်း​ တိုက်ဖျက်​ပေး​ဖို့​အတွက် အထူး​ကော်မရှင် ဖွဲ့​စည်း​ဖို့​လည်း​ ​ကြေညာချက်မှာ ​တောင်း​ဆိုထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013