တောဆင်ရိုင်းကို လမ်းကြောင်းပြန်လှည့်စေနိုင်ခဲ့သည့် အံ့ဖွယ်မိန်းကလေး (ရုပ်သံ)
DVB
·
June 25, 2017
လမ်းမပေါ် လျှောက်လာတဲ့ ဆင်ရိုင်းကြီးတကောင်ကို လမ်းလယ်ခေါင်မှာ ရပ်တန့်နိုင်အောင် အံ့သြဖွယ် မိန်းကလေးငယ်က စွမ်းဆောင်နိုင်ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ဒီရုပ်သံကို ဇွန်လအစောပိုင်းက ရိုက်ကူးခဲ့တာဖြစ်ပြီး ရုပ်သံထဲမှာ တောဆင်ရိုင်းက လမ်းမပေါ်ကနေ မိန်းကလေးဆီ ဦးတည်လျှောက်လာပြီး မိန်းကလေးက ဆင်ကြီးနဲ့ သိပ်မကွာတဲ့ နေရာကနေ ခန္ဓာကိုယ်ကို မတ်မတ်ရပ် မကြောက်မလန့် ဆင်ကြီးထံ ဖြောင့်ဖြောင့်သွားကာ သူမရဲ့လက်တွေကို ဆန့်ထုတ် အော်ဟစ်ခြောက်လှန့်လိုက်ပြီး ရှေ့ဆက်လျှောက်မလာအောင် တားမြစ်ခဲ့တာပါ။
ပထမပိုင်းမှာ ဆင်ကြီးက တားမြစ်တဲ့ကြားက ဆက်လျှောက်လာပြီး မိန်းကလေးကလည်း ဆင်ကြီးထံ ဆက်ဦးတည်လျှောက်ကာ အော်ဟစ်တားမြစ်ပါတယ်။ နောက်ဆုံးမှာ လုံးဝ မထင်မှတ်ပဲ အရွယ်ကြီးမားလှတဲ့ ဆင်ကြီးက အင်မတန်ယုံကြည်ချက်ရှိတဲ့ မိန်းကလေးငယ်ရဲ့ ခြောက်လှန့်မှုကို ခံလိုက်ရသလိုဖြစ်ပြီး ဆင်ကြီးက သူ့လမ်းကြောင်းကို လှည့်လိုက်ကာ ချုံပုတ်တွေထဲ ဝင်ပြေးသွားတဲ့ အံ့သြဖွယ်ရာ ဖြစ်ရပ်ကို ရုပ်သံထဲမှာ မြင်ရမှာဖြစ်ပါတယ်။