မိုးညှင်းမြို့နယ်မှာ လူငယ်တဦးထံမှ မူးယစ်ဆေးဝါး သိန်း ၁၄၀ ကျော်ဖိုး ဖမ်းမိ

444
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လုံးတုံကျေးရွာမှာ ဇွန် ၂၃ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က အသက် ၂၂ နှစ် လူငယ်တဦးဆီက မူးယစ်ဆေးဝါး သိန်း ၁၄၀ ကျော်ဖိုး ဖမ်းမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃) ဟိုပင်လှုပ်ရှားဆွယ်မှ ရဲအုပ်နိုင်စိုးနဲ့အဖွဲ့ လုံးတုံ နယ်မြေရဲစခန်းက နယ်ထိန်းခေါင်း ဆောင်ဒုရဲအုပ် အောင်လင်းတို့ဟာ သက်သေတွေနဲ့အတူ မူးယစ်သတင်းအရ လုံးတုံကျေးရွာ ရတ ခမရ(၂၅၆)တပ် စခန်းဂိတ်ရှေ့မှာ စောင့်ဆိုင်းနေစဉ် ညောင်ပင်ကျေးရွာကနေ လုံးတုံကျေးရွာကို ထက်ဝေအောင် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာ ဆိုင်ကယ်ပေါ်မှာ တင်လာတဲ့ ပီနံအိတ်နဲ့ ထည့်ထားတဲ့ ရောင်စုံဆပ်ပြာခွက်တွေထဲက ဘိန်းဖြူလို့ ယူဆရတဲ့ အဖြူရောင်အမှုန့် ဆပ်ပြာခွက်တခွက်လျှင် အလေးချိန် ၁၁ ဂရမ်စီပါ ၂၂ ခွက် ကာလတန်ဖိုး ၁၄၅ ၂၀၀၀၀ ကျပ်ဖိုးကို ဖမ်းဆီးရမိခဲ့တာပါ။
ရဲအုပ်နိုင်စိုးက တရားလိုပြုလုပ်ပြီး ထက်ဝေအောင်ကို နန့်မွန်းရဲစခန်းမှာ မူး/စိတ် ပုဒ်မ-၁၅/၁၉(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-မုန်းမုန်းမင်း