A d v e r t i s e m e n t With Us

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ထရပ်ကားတစီးတိမ်းမှောက်၊ ၁ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၁/၃နှင့်၎ အကြားမှာ ဇွန် ၂၄ ရက်နေ့ ညနေပိုင်းက လိုက်ထရပ်ကားတစီး တိမ်းမှောက်ပြီး ၁ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ မန္တလေးဘက်ကိုမောင်းလာတဲ့ လိုက်ထရပ်ကား ညာဘက်ရှေ့ဘီး ပေါက်ပြီး တပတ်လည်တိမ်းမှောက်ကာ ဘယ်ဘက်မှာရှိတဲ့ လမ်းလယ်ကျွန်းပေါ် ရောက်သွားတယ်လို့ သီးကုန်းအမြန်လမ်း ရဲစခန်းကပြောပါတယ်။ သီးကုန်းအမြန်လမ်းရဲစခန်း ဒုရဲအုပ်သန်းထွန်းက "ကားပေါ်ပါသူ ၆ ယောက်လုံး ဒဏ်ရာရပြီး အမျိုးသမီးတယောက် မိတ္ထီလာဆေးရုံအရောက်မှာ သေဆုံးသွားတယ်" လို့ ပြောပါတယ်။ သီးကုန်းအမြန်လမ်း ရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်လို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ သာမန် ဒဏ်ရာရမှုတွေနဲ့ ယာဉ်မောင်း ကိုနန်းတင်ကို အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up