ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပတဲ့ ဂီတပွဲတော် - (ဓာတ်ပုံ)
DVB
·
June 25, 2017
ပြင်သစ်ယဉ်ကျေးမှုဌာနကနှစ်စဉ်စီစဉ်ကျင်းပတဲ့ ဂီတပွဲတော်ကို ဇွန် ၂၄ရက် ညက ရန်ကုန်မြို့ မဟာဗန္ဓုလလမ်း (၄၇) လမ်းထိပ်/ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ 7thJoint Bar မှာ ပြုလုပ်သွားပါတယ်။
'ဂီတမှုပြုကြပါစို့''ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ လှုပ်ရှားမှုတခုအနေနဲ့ပြုလုပ်တဲ့ ''နေရာတိုင်းမှာဂီတပါ''လို့ အမည်ပေးထားတဲ့ ဂီတပွဲတော်မှာ BigBag တီးဝိုင်းနဲ့ Youn Ni Ko တို့က ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။
ဓာတ်ပုံ- သူရစိုး