Home
မြန်မာသတင်း
မြန်မာ ဂန္တဝင်အဆိုတော် ဦးအံ့ကြီးကွယ်လွန်
DVB
·
June 24, 2017
မြန်မာသံ ဂန္တဝင် ခေတ်ဟောင်း အဆိုတော်ကြီး ဦးအံ့ကြီးဟာ ဇွန်လ ၂၃ ရက် သောကြာနေ့ည ၉ နာရီခွဲလောက်က ရန်ကုန်မြို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ ဦးအံ့ကြီးဟာ မြန်မာသံစဉ် ဂန္ထ၀င်တေး သီချင်းများစွာကို သီဆိုခဲ့ပြီး ရန်ကုန်သူ၊ လူချွန်လူကောင်း၊ ပန်းပုသူဇာ၊ အောင်ပင်လယ်စတဲ့ သူ့ရဲ့ သီချင်းတွေဟာ ထင်ရှားလူကြိုက်များခဲ့ပါတယ်။ ကိုအံ့ကြီးဟာ အဆိုတော် ကိုမင်းနောင်၊ ကိုမြကြီး၊  မာမာအေး စတဲ့  မြန်မာ ဂန္တဝင် အဆိုတော်ကြီးတွေနဲ့ ခေတ်ပြိုင် တေးသံရှင်တဦးလည်းဖြစ်ပါတယ်။ ဦးအံ့ကြီးကို ၁၉၂၃  ဇွန် ၁၇ ရက်က ပြင်ဦးလွင်မြို့မှာ ဖခင် ဦးဘာတာချာဂျီနဲ့ မိခင်  ဒေါ်ဝင်းတို့က ဖွားမြင်ခဲ့ပြီး မွေးချင်း ငါးယောက်မှာ စတုတ္ထမြောက်သားဖြစ်ပါတယ်။ ဦးအံ့ကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပြီးဗဟန်းမြို့နယ်၊ သံလွင်လမ်းမှာ နေထိုင်ပါတယ်။ အဆိုတော် ဦးအံ့ကြီးရဲ့ ဈာပနကို ဇွန် ၂၅ ရက်မနက်က  ၁၁နာရီ ရေဝေးသုဿန်မှာကျင်းပဖို့ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024