မန္တလေးတောင်ခြေတွင် ရတနာပုံညဈေးတန်းဖွင့်လှစ် ( ဓာတ်ပုံ)
DVB
·
June 24, 2017
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီးရှိ ရတနာပုံရေကူးကန်နေရာကို ပြင်ဆင်ပြီး ရတနာပုံညဈေးတန်းYadanarpon Night Market ကို ဇွန်လ ၂၃ ရက်နေ့ ညနေ ၆ နာရီမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
ညဈေးတန်းမှာ ပြည်တွင်းဒေသ ထွက်ကုန် ပစ္စည်းတွေနဲ့ ထိုင်းအစားအသောက်၊ အဝတ်ထည်ဆိုင်ခန်းတွေအပါအဝင် ဆိုင်ခန်းပေါင်း ၁၅၀ ဖွင့်လှစ်ရောင်ချနေပြီး လာမယ့် ဇူလိုင်လ ကုန်ပိုင်းလောက်မှာ အမြဲတမ်းဈေးအဖြစ် ဖွင့်လှစ်ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ် ။
အိမ်ခိုင်မြဲ