နေအိမ်ကနေ ဆေးခန်းမှာ အစာကို နေ့စဉ်သွားယူသည့် ခွေးလိမ္မာလေး (ရုပ်သံ)

607
အံ့သြဖွယ်ရာ ခွေးလိမ္မာလေးတကောင်က နေ့စဉ်အလုပ်တွေ လုပ်ဆောင်နေတာကို ကမ္ဘာတဝန်း ကြည့်ရှုသူတွေက သဘောကျပြီး အင်တာနက်ပေါ်မှာ ရေပန်းစားကျော်ကြားနေတယ်လို့ မေရာသတင်းမှာ ဇွန်လ ၂၁ ရက်နေ့က ရေးထားပါတယ်။
ဘရာဇီးလ်နိုင်ငံတောင်ပိုင်းက မိသားစုတစုက ချစ်စဖွယ်ခွေးလေး ပီတူကို ကို မွေးထားတာဖြစ်ပြီး ခွေးလေးက သေးငယ်ပေမယ့် တော်တော့်ကို ကိုယ့်အားကိုယ်ကိုးတတ်တယ်၊ တိရစ္ဆာန်ဆေးခန်းမှာ သူ့အစာကို သူဘာသာ တကောင်တည်း သွားယူလေ့ရှိတယ်လို့ သိရပါတယ်။
ခွေးလိမ္မာလေးရဲ့ နေ့စဉ် ဆေးခန်းကနေ အိမ်အထိ အစာ သွားသယ်တဲ့ ရုပ်သံကို လူမှုကွန်ရက်မှာ တင်ပြီးတဲ့နောက် ပြန်လည်ဖြန့်ဝေမှု အကြိမ် ၃၀၀၀ နဲ့ ကြည့်ရှုသူတွေများပြီး ခွေးလေးက နာမည်ကြီးလာတာပါ။
တိရစ္ဆာန်ဆရာဝန်က “လူတိုင်း ပီတူကို ကို သိကြတယ်။ သူ့အစာကို အမြဲတမ်း စင်ပေါ်တင်ထားတယ်၊ သူရောက်လာရင် သူ့ကို ပေးလိုက်တယ်။ ကျနော်တို့ မပေးမချင်း သူကလည်း ဟောင်နေတော့တာပဲ” လို့ ပြောပါတယ်။
ရုပ်သံထဲမှာလည်း ချစ်စရာ အဖြူနဲ့အနက် ခွေးသေးသေးလေးက သူ့ပါးစပ်မှာ အစာထုပ်ကို ကိုက်ချီလာပြီး ဆိုင်အပြင်ထွက်လာတာကို တွေ့မြင်ရပါတယ်။
သူသယ်လာတဲ့ အစာထုတ်က သူ့အစာ ဘီစကစ်တွေအပြင် ကြောင်စာတွေနဲ့ အိမ်က အခြားအိမ်မွေးတိရစ္ဆာန်တွေအတွက် အစာတွေပါ ပါတယ်လို့ဆိုပါတယ်။
နောက်မှ ခွေးလိမ္မာလေးရဲ့ပိုင်ရှင်က ဆေးခန်းကိုလာပြီး အစာဖိုးတွေ ရှင်းတာလို့ ဆရာဝန်က ပြောပါတယ်။