A d v e r t i s e m e n t With Us

မလေးရှားကုမ္ပဏီထုတ် အလှကုန်ပစ္စည်းသုံးစွဲရန် မသင့်ကြောင်းကြေညာ

မလေးရှား ကုမ္ပဏီတခုက ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတမျိုးကို သုံးစွဲဖို့ မသင့်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက ကြေညာပါတယ်။ Dunia Herba မလေးရှားကုမ္ပဏီထုတ် Collagen Plus Day/Night Cream အလှကုန်ပစ္စည်းဟာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ် ဓာတုဗေဒပစ္စည်း  မာကျူရီ များစွာပါဝင်နေတာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ အဆိုပါအမှတ်တံဆိပ် အလှကုန်ပစ္စည်း မှတ်တမ်းတင်လျောက်ထားတာကို ငြင်းပယ်လိုက်ပြီး အများပြည်သူ သုံးစွဲဖို့ မသင့်ကြောင်း အသိပေးနှိုးဆော်လိုက်တာလို့လည်း ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up