A d v e r t i s e m e n t With Us

ရွှေညဝါဆရာ​တော်နှင့်​ သံဃာများ​ ဆွမ်း​ခံအလှူပစ္စည်း​ မီး​ဘေး​ဒုက္ခသည်များ​ကို စွန့်​ကြဲ

ရန်ကုန်တိုင်း​ ကြည့်​မြင်တိုင်မြို့​နယ် သာဓုပရိယတ္တိစာသင်တိုက်က ​ရွှေညဝါဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟနဲ့​ သံဃာ၊​ သီလရှင် အပါး​ ၇၀၀ ခန့်​ဟာ ဒီ​နေ့​မနက် ဆွမ်း​ခံထွက်ပြီး​ ဘုန်း​ပေး​လို့​ ပိုလျှံတဲ့​ အလှူခံပစ္စည်း​တွေကို လှိုင်သာယာမြို့​နယ် မီး​ဘေး​ဒုက္ခသည်​တွေကို သွား​ရောက် စွန့်​ကြဲပါတယ်။ “၇၀၀ ဝန်း​ကျင်​လောက် ရှိမယ်လို့​ သီလရှင်​တွေ​ရော၊​ သံဃာ​တော်​တွေ​ရော။ သီလရှင်​တွေက ၁၉၀ ​ကျော်​လောက်ရှိတယ်။ သံဃာက ၅၀၀ ​လောက် ရှိတယ်။ ကြည့်​မြင်တိုင်၊​ ကမာရွတ် အကုန်လုံး​ကို အလှည့်​ကျနဲ့​ ပုံမှန်အတိုင်း​ကြွတာ​လေ။ ဒီ​နေ့​ ၇ ရက် ရှိသွား​ပြီ​လေ။ မီး​ဘေး​ဒုက္ခသည်​တွေကိုလည်း​ သွား​လှူတာ၊​ ပြည် သွား​လှူဦး​မယ် ၇ ရက်​မြောက်​ပေါ့​။” ဒီလို ဆွမ်း​ခံကြွချီတာဟာ သီတင်း​တပတ်ရှိပြီလို့​ ဆရာ​တော်က မိန့်​ပါတယ်။ ဒီလဆန်း​ပိုင်း​က လှိုင်သာယာမီး​ဘေး​ကြောင့်​ အိမ်​ခြေ ၃၅၀ နီး​ပါး​ မီး​ထဲပါခဲ့​တာကို ဆရာ​တော်က လှူဒါန်း​နေတာပါ။ တမြန်​နေ့​က တိုင်း​သာသာနာ​ရေး​ ဦး​စီး​ဌာနတာဝန်ရှိသူ​တွေနဲ့​ ခရိုင်အုပ်ချုပ်​ရေး​မှူး​တို့​က ဆရာ​တော်နဲ့​ ​တွေ့​ဆုံပြီး​ နိုင်ငံ​ရေး​အသုံး​ချခံမဖြစ်ဖို့​ ​လျှောက်ထား​ကြတယ်လို့​ ဆရာ​တော်က မိန့်​ပါတယ်။ “​ဆွေး​နွေး​တာက​တော့​ ၈၈ မျိုး​ဆက်​တွေ၊​ အန်အယ်လ်ဒီပါတီက ဒကာ​တွေ၊​ ဒကာမ​တွေ ပါဝင်လာတဲ့​အ​ပေါ်မှာ နိုင်ငံ​ရေး​ အသုံး​ချမှု​တွေ ပါသွား​မှာစိုး​လို့​ဆိုပြီး​ ​ပြော​တော့​ ရှင်း​ပြလိုက်ပါတယ်။ သူတို့​က ဗုဒ္ဓဘာသာဝင်​တွေပါလို့​။ ဆွမ်း​ခံကြွတယ် ကျုပ် ​ဝေယျာဝစ္စ ​တောင်း​နိုင် ပို့​နိုင်​အောင် လာတာပါလို့​။ သူတို့​ကုသိုလ်ယူခွင့်​ မရှိဘူး​လား​။ ဗုဒ္ဓဘာသာ​တွေပဲ။ ဘာအပြစ်နဲ့​ ဘာပုံချမှာလဲ။ အဲဒါကို ဆီလို အ​ပေါက်မရှာနဲ့​လေ။” ဆရာ​တော်ဟာ နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​ရဲ့​ ဆုံး​ဖြတ်ချက်အရ လာမယ့်​ ၁၉ ရက်​နေ့​ကျရင် သာဓု​ကျောင်း​တိုက်က​နေထွက်မှာဖြစ်ပြီး​ ရန်ကုန်မြို့​ပြင် ​မှော်ဘီဘက်က ခြံတခြံမှာ စာသင်သား​ ၁၀၀ ​ကျော်ကို ​ခေါ်​ဆောင်ပြီး​ သီတင်း​သုံး​မှာ ဖြစ်ပါတယ်။ နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က ​ရွှေညဝါဆရာ​တော်ကို တရား​ဟောခွင့်​ တနှစ်ပိတ်ထား​တာ ဒီလ ၁၀ ရက်​နေ့​မှာ ပြည့်​ပါတယ်။ ဒါ​ပေမယ့်​ ​နောက်ထပ်တနှစ် ထပ်ပိတ်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up